(မှုခင်း) ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် ပျောက်ဆုံးနေသည့် အသက် ၁၃ နှစ်အရွယ် (Grade-6) ကျောင်းသားငယ်တစ်ဦးမှာ ရေကန်တစ်ခုအတွင်း၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က မြောက်ဒဂုံ ၃၉(A) ရပ်ကွက်၊ သစ္စာ ၄ လမ်း၊ အိမ်အမှတ် (၁၁) တွင် နေထိုင်သည့် ဦးစိုင်းဝဏ္ဏနှင့် ဒေါ်ချောစုဝင်းတို့၏ သားဖြစ်သူ မောင်မင်းခန့်ဇော်အသက်( ၁၃)နှစ် Grade 6 ကျောင်းသားသည် ညနေကျောင်းဆင်းလာပြီး အိမ်ကနေ အပြင်ကို ပြန်ထွက်သွားခဲ့ရာ ညမိုးချုပ်သည်အထိ ပြန်ရောက်လာခြင်းမရှိပဲ ပျောက်ဆုံးခဲ့ရာ ယနေ့ဇွန်လ ၁၀ရက် နံနက်၆နာရီအချိန်တွင် မြောက်ဒဂုံ ၃၈ရပ်ကွက်ရှိိ ကန်ဘောင်ပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း သိရသည်။
အဆိုပါ မင်းခန့်ဇော်၏ရုပ်အလောင်းအား မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ထားရှိပြီး ယနေ့ မွန်းလွဲပိုင်းတွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

#PAN