ထရမ့်၏ ဝေဖန်ပြစ်တင်မှုကို အတည်ပြုချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်-အစ္စရေး ဆက်ဆံရေး တင်းမာမှုကို နေတန်ယာဟုက လျှော့ချပြောဆို

(နိုင်ငံတကာ) ဇွန် ၄

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို “ရူး ကြောင်ကြောင်နိုင်လှချည်လား (f****ing crazy)” ဟု မကြာသေးမီက ပြင်း ပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက်၊ အစ္စရေးဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား ဆက်ဆံရေးအက် ကြောင်းထွက်နေသည်ဆိုသည့် သတင်းများကို လျှော့ချပြောဆိုလိုက်သည်။

     ဗုဒ္ဓဟူးနေ့က CNBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာ ဗျူးတွင် နေတန်ယာဟုက ၎င်းနှင့် ထရမ့်အကြား ဆက်ဆံရေးပြောင်းလဲသွားသည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့ပြီး “မပြောင်းလဲပါဘူး၊ ဒါဟာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အိမ်ဖြူတော်မှာ ရှိခဲ့ဖူးသမျှထဲမှာ အစ္စရေးရဲ့ အကြီးမြတ်ဆုံး မိတ်ဆွေတစ်ဦး ဖြစ်ခဲ့လို့ပါ” ဟု တုံ့ပြန်ခဲ့သည်။

     ဂါဇာဒေသတွင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုစွဲချက်များဖြင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသည့် နေတန်ယာဟုက ခေါင်းဆောင်နှစ်ဦးအကြား အပြန်အလှန် လေးစားမှုရှိပြီး၊ မိတ်ဆွေကောင်းများပီပီ မဟာ ဗျူဟာမြောက် သဘောထားကွဲလွဲမှုများကို အမြဲဖြေရှင်းနိုင်ခဲ့ကြောင်း ဆိုသည်။

     ယခု ရက်သတ္တပတ်အစောပိုင်းက ပြုလုပ်ခဲ့သည့် ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း အစ္စရေး၏ လေဘာနွန်နိုင်ငံအပေါ် စစ်ရှိန်မြှင့်တင်မှုနှင့် ပတ်သက်၍ နေတန်ယာဟုကို ၎င်းက နှုတ်လှန်ထိုး ပြစ်တင်ခဲ့ကြောင်း နယူးယောက်ပို့စ် (New York Post)သို့ ထရမ့်က ပြောကြားခဲ့ရာမှ ယခုဖြစ်စဉ် စတင်ခဲ့ခြင်းဖြစ်သည်။ ထရမ့်က “သူ (နေတန်ယာဟု) လေဘာနွန်နဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်နေတဲ့အပေါ် ကျွန်တော် နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

     အစ္စရေးက လေဘာနွန်မြို့တော် ဘေရွတ်ကို ဗုံးကြဲမည်ဟု ကြေညာခဲ့ခြင်းကြောင့် အမေရိကန်နှင့် အီရန်အကြား ပြုလုပ်နေသည့် ဆွေးနွေးပွဲများ ပျက်ပြားမည့်အန္တရာယ် ရှိလာခဲ့သော် လည်း၊ ထရမ့်၏ သတိပေးမှုကြောင့် အစ္စရေးစစ်တပ်သည် ဘေရွတ်အပေါ် တိုက်ခိုက်မှုများကိုမူ ခေတ္တဆိုင်းငံ့ထားခဲ့သည်။

     လေဘာနွန်အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ထရမ့်က ၎င်းအနေဖြင့် နေတန်ယာဟု (ဘီဘီ)ကို တော်တော်သဘောကျကြောင်းနှင့် အလုပ်တွဲလုပ်ရတာ အဆင်ပြေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ချီး ကျူးခဲ့သည်။ နေတန်ယာဟုကလည်း ၎င်းနှင့် ထရမ့်တို့ သည် ဟစ်ဇဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေးဆိုသည့် ရည်မှန်းချက်ကို အတူတကွ မျှဝေထားကြောင်း ပြောကြားခဲ့သည်။

     သို့သော် နေတန်ယာဟုက “ကျွန်တော်တို့ လေဘာနွန်-အစ္စ ရေး ငြိမ်းချမ်းရေးကို ရယူချင်တယ်ဆိုရင် ဟစ်ဇဘိုလာကို လက်နက်ဖြုတ်သိမ်းရမှာဖြစ်သလို လေဘာနွန်ကိုလည်း စစ်မဲ့ဇုန် (Demilitarisation)ဖြစ်စေရပါမယ်” ဟု ထုတ် ဖော်ပြောဆိုခဲ့သည်။ ဤတစ်နိုင်ငံလုံးကို စစ်မဲ့ဇုန်ဖြစ်စေရေးဆိုသည်မှာ အစ္စရေးကို ခြိမ်းခြောက်နိုင်သည့် လက်နက်များကို လေဘာနွန်အစိုးရ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့များပင် ပိုင်ဆိုင်ခွင့်မရှိစေရန် တားဆီးမည့် အစ္စရေး၏ တောင်း ဆိုချက်အသစ်တစ်ခု ဖြစ်ပုံရသည်။

     အီရန်နှင့် မဟာမိတ်ဖြစ်သည့် ဟစ်ဇဘိုလာအဖွဲ့ကမူ ၎င်းတို့အနေဖြင့် နယ်မြေချဲ့ထွင်ရန်နှင့် လေဘာနွန်တောင်ပိုင်းရှိ လူမျိုး စုများကို ရှင်းလင်းဖယ်ရှားရန် အစ္စရေး၏ ရည်ရွယ် ချက်များကို တွန်းလှန်တိုက်ခိုက်နေခြင်း ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိကြောင်း ပြောဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က တိုက်ရိုက်ရန်စမှုမရှိဘဲ အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်၊ အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ လုပ်ကြံခံရမှုအတွက် ဟစ်ဇဘိုလာက အစ္စရေးကို ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ရာမှ လေဘာနွန်သို့ စစ်မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။

     လက်ရှိတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် (Israel Katz) က လေဘာနွန်တောင်ပိုင်းကို အကန့် အသတ်မရှိ သိမ်းပိုက်ထားရန်နှင့် ဂါဇာဒေသရှိ ရာဖာနှင့် ဘိတ်ဟာနွန်မြို့များကို မြေလှန်ချေမှုန်းခဲ့သည့် ပုံစံအတိုင်း ရှေ့တန်းစစ်မျက်နှာပြင်ရှိ လေဘာနွန်နေအိမ်များကို အရှိန်မြှင့်ဖျက်ဆီးရန် ညွှန်ကြားထားသည်။

     ဤစနစ်တကျဖျက် ဆီးမှုများကြောင့် လူပေါင်းသိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဧပြီလကတည်းက အမေရိကန်တွင် နှစ်ဖက်အရာရှိများ ဆွေးနွေးပွဲများစွာ ပြုလုပ်ခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲရေး ရရှိရန် ပျက်ကွက်နေဆဲဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN