မရမ်းကုန်းတွင် ကားမီးလောင်မှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ

(မှုခင်း) ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းတွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ကားမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၃ မိနစ် အချိန်တွင် မီးငြှိမ်းသွားပြီး လူညှပ်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သူနာတင်ယာဉ်ဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN