(မှုခင်း) မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ်၊ အောက်ကမ္ဘာကျေးရွာအနီးတွင် ကြက်တိုက်လောင်းကစားဝိုင်း ဖမ်းဆီးရမိကြောင်း သိရသည်။
မေလ ၃၀ ရက် ညနေပိုင်းက ပဲခူးမြို့နယ်၊ အောက်ကမ္ဘာကျေးရွာအနီးရှိ မြေကွက်လပ်တွင် တဲထိုး၍ ကြက်တိုက်လောင်းကစားဝိုင်း ပြုလုပ်နေကြောင်းသတင်းရ လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးခဲ့ရာ ကြက်ဝိုင်းပြုလုပ်နေသူ (၇)ဦးအား တိုက်ကြက်ဖ(၆)ကောင်၊စပ်ဆက်ပစ္စည်းများအတူ ဖမ်းဆီးရမိသည်။
ထို့ပြင် ကြက်ဝိုင်းအနီးတွင် အိုးဝေ(၁)စီး၊ SUZUKI CARRY (၁)စီး၊ Honda Fit (၁)စီး၊ဆိုင်ကယ်မျိုးစုံ(၅၂)စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#PAN