အမေရိကန်နှင့် အီရန်တို့ နောက်ဆုံးသဘောတူညီချက် မူကြမ်းရေးဆွဲရန် အပြင်းအထန် သွယ်ဝိုက်ဆွေးနွေးနေ၊ အစ္စရေးကို ကာကွယ်ပေးခဲ့ရလို့ ပင်တဂွန်၏ ဒုံးကျည်လက်ကျန် ထက်ဝက်နီးပါး ကုန်ခမ်း

(နိုင်ငံတကာ)မေ ၂၂

    ​​​​အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ဖြစ်နိုင် ခြေရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအတွက် မူဘောင်တစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ သွယ် ဝိုက်သောနည်းလမ်းဖြင့် စာသားမူကြမ်းများကို အပြင်းအထန် လဲလှယ်ဆွေး နွေးနေကြကြောင်း အီရန်နိုင်ငံ၏ ISNA သတင်းအေဂျင်စီက ဖော်ပြလိုက်သည်။

     ဆွေးနွေးညှိနှိုင်းသူများသည် နားလည်မှုသဘောတူညီချက်တစ်ခု ရရှိရန် “အလွန်နီးစပ်နေပြီ” ဖြစ်ကြောင်း အီရန်တာဝန်ရှိသူတစ်ဦးက အယ်လ်ဂျာဇီးရား (Al Jazeera) သို့ အတည်ပြုပြောကြားထားပြီး၊ လက်ရှိတွင် ပါကစ္စတန်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အခြေအနေများနှင့် ပတ်သက်၍ လည်း နှစ်ဖက်အကြား အပြင်း အထန် ညှိနှိုင်းမှုများ ပြုလုပ်နေကြသည်။

     ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန် မြင့်တက်လာခြင်းသည် အမေရိကန်စစ်တပ်အတွက် စစ်ရေးအရ အကျပ်အတည်းဖြစ်နေသည့် အချိန်အခါမျိုးနှင့် တိုက် ဆိုင်နေကြောင်း The Washington Post က ဖော်ထုတ်ထားသည်။ အီရန်နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အစ္စရေးကိုယ်တိုင်ထက်ပင် အမေရိကန်က အစ္စရေးကို ကာကွယ်ရန်အတွက် ခဲယမ်းမီး ကျောက်များနှင့် အဆင့်မြင့် ကြားဖြတ်ဒုံးကျည်များကို ပိုမိုပုံအော အသုံးပြုခဲ့ရသည်။


     အမေရိကန် အရာရှိများ၏ အဆိုအရ အမေရိကန်သည် အစ္စရေးကို ကာကွယ်ရန်အတွက် အဆင့်မြင့် THAAD ကြားဖြတ်ဒုံးကျည် အစီးရေ ၂၀၀ ကျော်အပြင်၊ မြေထဲပင်လယ်အရှေ့ပိုင်းရှိ စစ်သင်္ဘောများမှနေ၍ Standard Missile-3 (SM-3) နှင့် Standard Missile-6 (SM-6) ကြားဖြတ်ဒုံးကျည် အစီးရေ ၁၀၀ ကျော်ကိုပါ ပစ်ခတ်ခဲ့ရသဖြင့် ပင်တဂွန်စစ်ဌာန ချုပ်၏ သိုလှောင်ရုံရှိ ဒုံးကျည်လက်ကျန် ထက်ဝက်နီးပါး ကုန်ခမ်းသွားခဲ့ရသည်။

     တစ်ဖက်တွင်မူ အစ္စရေးသည် ၎င်း၏ Arrow ကြားဖြတ်ဒုံးကျည် ၁၀၀ အောက်နှင့် David’s Sling ဒုံးကျည် ၉၀ ခန့်ကိုသာ ပစ်ခတ်ခဲ့ရသဖြင့် အမေရိကန်၏ သုံးစွဲမှုက သိသိသာသာ ပိုမိုမြင့်မားခဲ့သည်။ ယခုကဲ့သို့ ဒုံးကျည်လက်ကျန် မမျှတမှုသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအပေါ် အမေရိကန်၏ ရေရှည်ကတိကဝတ်ပြုနိုင်စွမ်းနှင့် ပတ်သက်၍ ဝါရှင်တန်စစ်ဘက်အရာရှိများအကြား စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့ပြီး၊ ယင်းသည် အီရန်နှင့် သံတမန်ရေးအရ အမြန်ဆုံး အဖြေရှာရန် တွန်းအားတစ်ခု ဖြစ်လာစေသည်။

     ယနေ့အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ပဋိပက္ခသည် အလွန်မကြာခင်မှာပဲ အဆုံးသတ်သွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အီရန် ၏ နျူကလီးယားအစီအစဉ်အပေါ် တင်းကျပ်သည့် ရပ် တည်ချက်ကို ပြသခဲ့သည်။

     သမ္မတထရန့်က “ကျွန်တော်တို့ အီရန်ရဲ့ အဆင့်မြင့်သန့် စင်ထားတဲ့ ယူရေနီယံတွေကို ရအောင်ယူပြီး ဖျက်ဆီးပစ်မှာပါ။ သူတို့ကိုတော့ ဒါတွေ ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ပါဘူး၊ အီရန်ပဋိပက္ခဟာ အလွန်မကြာခင်မှာပဲ အဆုံးသတ်သွားတော့မှာဖြစ်ပြီး၊ အဲဒါ ပြီးဆုံးသွားတဲ့အခါ ကမ္ဘာ့ဓာတ်ဆီဈေးနှုန်းတွေဟာ အရင်ကထက် ပိုပြီးတော့ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်” ဟု ဆိုကာ စွမ်းအင်အကျပ် အတည်းကို ဖြေရှင်းနိုင်မည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

     လက်ရှိတွင် နှစ်ဖက်စလုံးက သတင်းစကားများနှင့် စာ သားမူကြမ်းများကို အပြန်အလှန် လဲလှယ်နေကြသော် လည်း၊ နောက် ဆုံးသဘောတူညီချက်တစ်ခုကို အမှန်တကယ် လက်လှမ်းမီနိုင်ခြင်း ရှိမရှိကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများက သုံးသပ်ထားကြသည်။

​#US_Iran_Talks #PentagonInventory #THAAD #DonaldTrump #StraitofHormuz #Geopolitics #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN