ရွာငံမြို့နယ်တွင် အမျိုးသား၂ ဦးအား အကြမ်းဖက်PDFအဖွဲ့က နေအိမ်ထိလာရောက် ပစ်သတ်

(မှုခင်း) မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အမျိုးသား၂ ဦးအား အကြမ်းဖက်PDFအဖွဲ့က နေအိမ်ထိလာရောက် ပစ်သတ်သွားကြောင်း သိရသည်။

မေလ ၂၀ ရက် နံနက်၂နာရီအချိန်က ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာနေ ကိုထိန်ဦး၏ နေအိမ်သို့ အကြမ်းဖက်PDFအဖွဲ့ ရောက်ရှိလာပြီး ကိုထိန်ဦး၏ ဇနီးဖြစ်သူအား နေအိမ်ရှေ့ မြေကြီးတွင် မှောက်ခိုင်းထားကာ နေအိမ်အတွင်းရှိ ကိုထိန်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ နံနက် ၂ နာရီခွဲ ခန့်တွင် အဆိုပါ အကြမ်းဖက်PDFအဖွဲ့သည် ကျောက်ငှက်ကျေးရွာနေ ဦးခန်းထက်ဇော် ၏ နေအိမ်သို့ ရောက်ရှိလာပြီး ဦးခန်းထက်ဇော်နှင့် ဇနီးကို နေအိမ်အနီးတွင် မှောက်ခိုင်း ထားကာ ဦးခန်းထက်ဇော်အား သေနတ်သမားများက ဝိုင်းဝန်းပစ်ခတ်သဖြင့် ကျည်ထိမှန် သေဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အ​ကြမ်းဖက်PDFအဖွဲ့၏ပစ်ခတ်သတ်​ဖြတ်မှူကြောင့် သေဆုံးခဲ့အမျိုးသား ၂ ဦးနှင့် ပတ်သက်၍ ရွာငံမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#PAN