
(မှုခင်း) မေလ ၂၂
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယမန်နေ့ မေလ ၂၁ ရက်၊ ညနေပိုင်းက Vape-Pod ရောင်းဝယ်သူ ၂ ဦးနှင့် Shisha အိုး လက်ဝယ်ထားရှိသူ တစ်ဦးတို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ Cry Angel Fashion Shop ပိုင်ရှင် နေမင်းထက်နှင့် တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ စိုင်းမင်းကျော်တို့အား ကျန်းမာရေး ဝန်ကြီးဌာနမှ တားမြစ်ထားသော တရုတ်နိုင်ငံထုတ် Vape-Pod များနှင့် ဆက်စပ်ပစ္စည်းများဖြင့် ယနေ့ မေလ ၂၁ ရက်က အသီးသီး ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်နေ ဦးကျော်မျိုးလွင်အား ကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ် ထားသော Shisha နှင့် ဆက်စပ်ပစ္စည်များအား လက်ဝယ်ထားရှိ၍ ရောင်းချမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ Vape-Podနှင့် Shisha အိုးများနှင့်အတူ ဖမ်းဆီးရမိသူ နေမင်းထက်နှင့် စိုင်းမင်းကျော်တို့အား တောင်ကြီးမြို့မရဲစခန်းတွင် လည်းကောင်း၊ ဦးကျော်မျိုးလွင် အား တောင်ကြီးနယ်မြေရဲစခန်းတွင် လည်းကောင်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ ဖြင့် အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။