
(နိုင်ငံတကာ)မေ ၂၀
ထိုင်ဝမ်ကျွန်း၏ အနာဂတ်ကို မည်သည့် “ပြင်ပနိုင်ငံ ခြားအင်အားစုများ” ကမျှ လာရောက်ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ၊ ထိုင်ဝမ်ပြည်သူ ၂၃ သန်း၏ လက်ထဲတွင်သာ ရှိကြောင်း ထိုင်ဝမ်သမ္မတ ဝီလျံ လိုင်ချင်းတယ် (William Lai Ching-te) က ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။
ယနေ့ (ဗုဒ္ဓဟူးနေ့) တွင် ကျရောက်သည့် ၎င်း၏ သမ္မတရာထူးသက်တမ်း နှစ်နှစ်ပြည့်အထိမ်းအမှတ် မိန့်ခွန်းအတွင်း လိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းအနေဖြင့် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့ကို ပိုင်းခြားထားသည့် ၁၁၂ မိုင်(၁၈၀ ကီလိုမီတာ) ရှည် လျားသော ထိုင်ဝမ်ရေ လက်ကြားတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကာ၊ မည်သည့်ပြင်ပအင်အားစုကမျှ ထိုင်ဝမ်၏ လက်ရှိနိုင်ငံရေးအခြေအနေ (Status quo)ကို အတင်းအဓမ္မ ပြောင်းလဲပစ်ခြင်းမရှိစေရန် တားဆီးသွားမည်ဟု ဆိုသည်။
သမ္မတလိုင်က ၂၀၁၆ ခုနှစ်ကတည်းက တိုင်ပေနှင့် ဆက်သွယ်ရေးလမ်းကြောင်း အကုန်ဖြတ်တောက်ထားသည့် တရုတ် (ပေကျင်း) အစိုးရနှင့် ပြန်လည်ထိတွေ့ဆက် ဆံရန် ဆန္ဒရှိကြောင်း၊ သို့သော် ယင်းသည် “တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာရှိမှု” ဟူသော အခြေခံမူများပေါ်တွင် မတ်တပ်ရပ်သည့် “စနစ်တကျ ဖလှယ်မှုများ” သာ ဖြစ်ရမည်ဟု လေသံတင်းခဲ့သည်။ ထို့ပြင် ထိုင်ဝမ်သည် နိုင်ငံတကာအသိုက်အဝန်း၏ တာဝန်သိသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး “တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်သည့် အဖွဲ့အစည်း” မဟုတ်ကြောင်း ပြောကြားခဲ့ရာ ပေကျင်းအစိုးရကို သွယ်ဝိုက်၍ ပြင်းပြင်း ထန်ထန် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိ သူ ကျူးဖုန်းလျန် (Zhu Fenglian) ကမူ လိုင်သည် ၎င်း၏ နှစ်ပတ်လည်နေ့ မိန့်ခွန်းမှတစ်ဆင့် “ထိုင်ဝမ်လွတ်လပ်ရေး” ကို အားပေးကာ ရေလက်ကြားနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်နေသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။ တရုတ်ဘက်က လိုင်သည် ထိုင်ဝမ်-တရုတ် ဆက်ဆံရေးကို “ဒီမိုကရေစီနှင့် အာဏာရှင် စနစ် ထိပ်တိုက်တွေ့မှု” ဟူ၍ ပုံဖော်ကာ ခွဲထွက်ရေးဝါဒ ဖြန့်နေပြီး နိုင်ငံခြားအကူအညီဖြင့် လွတ်လပ်ရေးရှာရန် ပြင်ပအင်အားစုများ၏ အလိုကျ ဆောင်ရွက်နေသည်ဟု ဆိုသည်။
သမ္မတလိုင်သည် ၎င်း၏ ပြီးခဲ့သည့် ရာထူးသက် တမ်း ၂၄ လတာအတွင်း အတိုက်အခံများ လွှမ်းမိုးထားသည့် လွှတ်တော်တွင်း နိုင်ငံရေးအကျပ်အတည်းနှင့် တရုတ်နိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုများအကြား မုန်တိုင်းထန်စွာ ဖြတ်သန်းခဲ့ရသည်။ မကြာသေးမီကပင် အတိုက်အခံများက ၎င်း၏ အဓိက အထူးကာ ကွယ်ရေးဘတ်ဂျက်ကို ဒေါ်လာ ၄၀ ဘီလီယံမှ ၂၅ ဘီလီယံအထိ လျှော့ချပစ်ခဲ့ပြီး၊ အခွန်ဝင်ငွေအငြင်းပွားမှုဖြင့် ၎င်းအား ရာထူးမှ ဖယ်ရှားရန် (Impeach လုပ်ရန်) ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သို့သော်လည်း TVBS သတင်းဌာန၏ ယခုလ လူထုသဘောထားစစ်တမ်းအရ လိုင်အပေါ် ပြည်သူထောက် ခံမှုနှုန်းမှာ ပထမနှစ်က ၃၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး၊ မထောက်ခံသည့်နှုန်းမှာလည်း ၅၅ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခဲ့သည်။
တရုတ်နိုင်ငံက လိုင် ရာထူးတက်သည့် ၂၀၂၄ မေလကတည်းက ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှု ၅ ကြိမ်တိုင်တိုင် ပြုလုပ်ကာ ဖိအားပေးနေချိန်တွင်၊ အဓိကမဟာမိတ် အမေရိကန်နိုင်ငံထံမှလည်း မရေရာမှုအချို့ ရှိနေသည်။ ပြီးခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံအပြီး ထိုင်ဝမ်သို့ အမေရိကန်၏ လက်နက်ရောင်းချမှုများကို တရုတ်နှင့် “ညှိနှိုင်းရေးအကြွေစေ့” အဖြစ် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သဖြင့် ထိုင်ဝမ်အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။
ထို့ပြင် တရုတ်၏ သံတမန်ရေးအရ ပိတ်ဆို့မှုကြောင့် ပြီးခဲ့သည့် ဧပြီလက လိုင်သည် ၎င်း၏ တစ်ခုတည်းသော အာဖရိကမဟာမိတ် အဲ့ဆွာတီးနီနိုင်ငံသို့ သွားရောက်မည့် ခရီး စဉ်တွင် လေပိုင်နက် ဖြတ်သန်းခွင့် ငြင်းဆန်ခံခဲ့ရသဖြင့် အဲ့ဆွာတီးနီဘုရင်၏ ကိုယ် ပိုင်ဂျက်လေယာဉ်ဖြင့် လမ်း ကြောင်းလွှဲကာ သွား ရောက်ခဲ့ရသည့် အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း သမ္မတလိုင်က ၎င်းတို့၏ ကာ ကွယ်ရေးစွမ်းရည် မကျဆင်းစေရန် အခြားနည်းလမ်း များဖြင့် ဆက်လက်ဖြည့်ဆည်းသွားမည်ဟု အခိုင် အမာ ပြောကြားခဲ့သည်။
#TaiwanStrait #WilliamLai #TaiwanIndependence #ChinaTaiwanTensions #DonaldTrump #XiJinping #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN