
(ပြည်တွင်း)မေ ၂၀
နိုင်ငံတော်အစိုးရ လက်နက်ကိုင် ဆန့်ကျင်ခဲ့ကြ သည့် PDF ၃၁၂ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေ ဘောင်အတွင်း အလင်းဝင်ရောက်ခဲ့ကြရာ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ယမန် နေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။


အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး၊ စစ်ဖက် နယ်ဖက်မှ တာဝန်ရှိသူများနှင့် ဥပဒေ ဘောင်အတွင်း အလင်းဝင်ရောက်လာသူများ၏ မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးစကားများ ရှင်းလင်းဆွေး နွေးပြောကြား သည်။


အဆိုပါ အလင်းဝင်ရောက်ခဲ့သော PDF ၃၁၂ ဦးတွင် အမျိုးသား ၂၂၇ ဦး၊ အမျိုးသမီး ၃၅ ဦးတို့ပါဝင်ပြီး ၎င်းတို့နှင့်အတူ မောင်းပြန်ရိုင်ဖယ် သေနတ် (၈) လက်၊ M22 အမျိုးအစား သေနတ် (၁)လက်၊ KA-25 အမျိုးအစား သေနတ် (၁)လက်၊ Type 81 အမျိုးအစား သေနတ် (၂) လက်၊ လက်လုပ်သေနတ် (၂) လက်၊ လက်လုပ်စိန်ပြောင်း (၂)လက်၊ကျည်အိမ်မျိုးစုံ(၂၃)ခု၊ ကျည်မျိုးစုံ(၇၈၁) တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးနှင့် ဗုံးသီး(၂)လုံး တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် ၁၂လက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၀၊ လက်လုပ်သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊ လက်လုပ် စိန်ပြောင်း ၂ လက်အတွက်ဆုကြေးငွေကျပ် ၁၀ သိန်း၊ လက်ပစ်ဗုံး ၁၀ လုံးအတွက် ဆုကြေးငွေကျပ် သိန်း ၃၀၊ ဗုံးသီး ၂ လုံးအတွက် ဆုကြေးငွေကျပ် ၆ သိန်းနှင့် လက်နက်မပါဘဲ ဥပဒေဘောင်အတွင်း ရောက်လာသူများအတွက် ငွေကျပ်သိန်း ၂၉၀၊ စုစုပေါင်း ဆု ကြေးငွေကျပ် ၉၄၆ သိန်းနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။
#PDF #LawFrame #MandalayRegion #CentralCommand #WeaponSurrender #FamilyReunion #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN