ယူကရိန်းကို ကျူးကျော်မှုအပေါ် မော်စကိုအနေဖြင့် နောင်တရလိမ့်မည်ဟု ထရန့်ကို ရှီကျင့်ဖျင် ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်သည် ‘လုပ်ကြံဖန်တီးထားခြင်း’ ဖြစ်သည်ဟု တရုတ် ပြောကြား

(နိုင်ငံတကာ)မေ ၁၉

    ​​​တရုတ်သမ္မတ ရှီကျင့်ဖျင်က လွန်ခဲ့သည့်အပတ်က ပေကျင်းမြို့သို့ လာရောက်ခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်နှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း၊ ယူကရိန်းကို ကျူးကျော်မှုအပေါ် ဗလာဒီမာပူတင်အနေဖြင့် နောင်တ ရလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း ထွက်ပေါ်လာသည့် သတင်းကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်သည်။

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ကော်ကျိခွန်း (Guo Jiakun)က သတင်းထောက်တစ်ဦးအား ပြောကြားရာ၌ “လူကြီးမင်း ပြောဆိုတဲ့ အချက် အလက်တွေဟာ အဖြစ်မှန်နဲ့ ကိုက်ညီမှုမရှိဘဲ ဘာအထောက်အထားမျှမရှိဘဲ လုံးဝ လုပ်ကြံဖန်တီးထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

     ဖိုင်နင်ရှယ်တိုင်းမ် (Financial Times) သတင်းဌာန၏ အဆိုပါ သတင်းထုတ်ပြန်ချက်သည် ပူတင်ကိုယ်တိုင် ရှီကျင့်ဖျင်နှင့် နှစ်ရက်ကြာ ထိပ်သီးအစည်း အဝေး ပြုလုပ်ရန် ပေကျင်းမြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

     ပေကျင်းမြို့တွင် အမေရိကန်နှင့် တရုတ် ကိုယ်စား လှယ်အဖွဲ့များအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေစဉ်အတွင်း ရှီကျင့်ဖျင်က ယခုကဲ့သို့ မှတ်ချက်ပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ထရန့်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)ကို ဆန့်ကျင်ရန်အတွက် ခေါင်းဆောင်သုံးဦး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်။

     ယနေ့တွင် ပြုလုပ်မည့် ၎င်း၏ခရီးစဉ်မတိုင်မီ ပူတင်က ရုရှားနှင့် တရုတ်တို့သည် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေးအပါအဝင် ကျယ် ပြန့်သော ကိစ္စရပ်များတွင် အပြန် အလှန် ပံ့ပိုးကူညီရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

     ကရင်မလင်(ရုရှားသမ္မတရုံး)က နှစ်ဦးနှစ်ဖက်စလုံးအနေဖြင့် ‘ဆိုက်ဘေးရီးယားအင်အား-၂’ (Power of Siberia 2)ဟု အမည်ရသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအဆိုပြုချက်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပါ ပိုက်လိုင်းသည် ရုရှားနိုင်ငံ အာတိတ်ဒေသရှိ ဓာတ်ငွေ့သိုက်များမှတစ်ဆင့် မွန်ဂိုလီးယားနိုင်ငံကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅၀ ဘီလီယံအထိ ထပ်မံပေးပို့နိုင်မည် ဖြစ်သည်။

#XiJinping #DonaldTrump #VladimirPutin #ChinaRussiaRelations #FinancialTimes #FabricatedNews #PowerOfSiberia2 #BreakingNews #PositiveAngleNews 🇨🇳🇷🇺

Telegram»…
https://t.me/positiveanglenews

#PAN