မော်လမြိုင်ကျွန်းမြို့နယ်တွင် ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ

(ပညာရေး) မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် KG, G-1 နှင့် မူကြို သင်ပြနည်းစနစ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်း ဖွင့်ပွဲကို မေ ၁၄ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် KG, G-1 နှင့် မူကြိုအဆင့်များအကြား သင်ကြားရေးစနစ်များ ဆက်စပ်ညှိနှိုင်းနိုင်ရေးနှင့် ကလေးသူငယ်များ၏ စိတ်ပိုင်း၊ ကိုယ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုများကို ထောက်ပံ့နိုင်ရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလကို မေ ၁၄ ရက်မှ မေ ၂၃ ရက်အထိ ၁၀ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။