
(နိုင်ငံတကာ)မေ ၁၆
ဗြိတိန်နိုင်ငံ၏ မြို့တော် လန်ဒန်ဗဟိုချက်တွင် စနေ နေ့က ပါလက်စတိုင်းလိုလားသည့် အုပ်စုများနှင့် လက်ယာစွန်းအုပ်စုများ၏ ကြီးမားသော လူထုဆန္ဒ ပြပွဲနှစ်ခု သီးခြားစီ တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့ရာ၊ လူပေါင်း ၈၀,၀၀၀ ခန့်အထိ ပါဝင်ဆန္ဒပြခဲ့ကြသည်။
နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ မဖြစ်ပွားစေရန် ဗြိတိန်ရဲတပ်ဖွဲ့က နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လုံခြုံရေးစစ်ဆင်ရေးအဖြစ် ရဲအင် အား ၄,၀၀၀ နှင့် ခေတ်မီနည်းပညာများကို ဖြန့်ကြက်ကာ အထူးသတိထား ထိန်းသိမ်းခဲ့ရသည်။
ယခုဆန္ဒပြပွဲများသည် လန်ဒန်မြို့၏ မတူညီသော လမ်း ကြောင်းများတွင် တစ်ချိန်တည်း ကျင်းပခဲ့ခြင်း ဖြစ်သည်။ လက်ယာစွန်း တက်ကြွလှုပ်ရှားသူ တွမ်မီ ရော်ဘင်ဆင် (Tommy Robinson) ဦးဆောင်သည့် “ယူနိုက်တက် ဒီ ကင်းဒမ်း” (Unite the Kingdom) လူထုလှုပ်ရှားပွဲ ဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်တို့ကို ကြွေးကြော်ကာ လူဦး ရေ ၅၀,၀၀၀ ခန့် ပါဝင်ခဲ့သည်။
ပါလက်စတိုင်းပြည်သူများ ၎င်းတို့၏ မြေယာများမှ နှင် ထုတ်ခံခဲ့ရသည့် ၁၉၄၈ ခုနှစ် ဖြစ်ရပ်ကို အောက်မေ့သတိရသော “နက်ခ်ဘာနေ့” (Nakba Day) အထိမ်းအမှတ်နှင့် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့များ ပူးပေါင်းထားသည့် ချီတက်ပွဲဖြစ်ပြီး လူဦး ရေ ၃၀,၀၀၀ ခန့် တက်ရောက်ခဲ့သည်။
လန်ဒန် မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့သည် နှစ်ဖက်ဆန္ဒပြသူများ အချင်းချင်း ထိန်းချုပ်မရဘဲ အကြမ်း ဖက်မှုများ မဖြစ်ပွားစေရန် ပေါင် ၄.၅ သန်း (ဒေါ်လာ ၆ သန်း)ခန့် အကုန် အကျခံကာ လုံခြုံရေးကို အမြင့်ဆုံးမြှင့်တင်ခဲ့သည်။ အကာအကွယ်ပေးရေးလုပ်ငန်းစဉ်တွင် သံချပ်ကာယာဉ်များ၊ မြင်းစီးရဲတပ်ဖွဲ့၊ ရဲခွေးများ၊ ဒရုန်းများနှင့် ရဟတ်ယာဉ်များကို အသုံးပြုခဲ့သည့်အပြင်၊ ဗြိတိန်ဆန္ဒပြပွဲ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် “တိုက်ရိုက် မျက်နှာမှတ်မိခြင်းစနစ်” (Live Facial Recognition) နည်းပညာကို အသုံး ပြု၍ စောင့်ကြည့်ခဲ့သည်။ ဆန္ဒပြပွဲများ စတင်ပြီးမကြာမီမှာပင် ပြစ်မှုအမျိုးမျိုးဖြင့် လူ ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့ပြီး “သည်းခံခွင့်လွှတ်မှု လုံးဝမရှိသည့် ချဉ်းကပ်မှု” (Zero-tolerance approach)ဖြင့် ကိုင်တွယ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဗြိတိန်အစိုးရသည် ယခုလက်ယာစွန်းဆန္ဒပြပွဲသို့ လာရောက်ဟောပြောရန် ပြင်ဆင်နေသည့် ပိုလန်၊ ဘယ်လ်ဂျီယံနှင့် ဒတ်ချ်နိုင်ငံရေးသမား/တက်ကြွလှုပ် ရှားသူ အပါအဝင် နိုင်ငံခြားသား ၁၁ ဦးကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ကြို တင်ပိတ်ပင်ခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ် ကီယာ စတာမာ(Keir Starmer) က လမ်းမများပေါ်တွင် အမုန်းတရားနှင့် သွေးခွဲမှုများကို လှုံ့ဆော်ကာ အကြမ်းဖက်ဖျက်ဆီးမှု သို့မဟုတ် ခြိမ်းခြောက်မှုပြုလုပ်သူ မည်သူမဆို ဥပဒေ၏ အပြည့်အဝ အရေးယူမှုကို ခံရမည်ဖြစ်ကြောင်း ပြင်း ထန်စွာ သတိပေးခဲ့သည်။ အစိုးရရှေ့နေရုံးကလည်း ဆန္ဒပြပွဲအတွင်း အမုန်းစကားများနှင့် အမုန်းပွားစေမည့် ဆိုင်းဘုတ်များကို ထိန်းချုပ်ရန် ဆန္ဒပြပွဲစီစဉ်သူများ၌ ဥပဒေကြောင်းအရ တာဝန်ရှိစေမည်ဟု အခိုင်အမာ ဆိုထားသည်။
#LondonProtests #TommyRobinson #NakbaDay #MetPolice #UKPolitics #PositiveAngleNews #BreakingNews #FacialRecognition
Telegram»…
https://t.me/positiveanglenews
#PAN