
(ပြည်တွင်း) မေ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၄-၅-၂၀၂၆ ရက်နေ့ ၁၁၀၀ အချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဗိုလ်မင်းရောင်ခန်းမ၌ ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက တင်ပြဆွေးနွေးချက်များနှင့်စပ်လျဥ်းပြီး ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညို၊ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။