ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်ဆိုင်ရာ ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

(ပညာရေး) မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ KG နှင့် Grade-1 သင်ပြနည်းစနစ်များကို မူကြိုသင်ပြနည်းစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၁၄ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကားပြောကြားရာ၌ ဆရာ၊ ဆရာမများသည် ထူးချွန်ထက်မြတ်ပြီး စိတ်ထားကောင်းမွန်သည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးသူများဖြစ်သဖြင့် နိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဗိသုကာပညာရှင်များဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဒုတိယပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က ပညာရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး နေ့လယ် ၁၀ နာရီခွဲခန့်တွင် အခမ်းအနား ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်အတွင်းရေးမှူး ဦးမြင့်အောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။