သင်္ဃန်းကျွန်းမြို့နယ် အဆောက်အဦးတခုရှိ ဓာတ်လှေကားထဲတွင် အမျိုးသမီး ၆ ဦး ပိတ်မိ

(မှုခင်း) မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊အဆောက်အဦး တခုရှိ ဓာတ်လှေကားထဲတွင် အမျိုးသမီး ၆ ဦး ပိတ်မိနေခဲ့ကြောင်း သိရသည်။

ယနေ့နံနက်၁၀နါရီကျော်အချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၁၀၀)၊ ရှစ်ထပ်ခွဲ RC အဆောက်အအုံ၏ မြေညီထပ်အတွင်းမှ ဓာတ်လှေကားထဲတွင် အမျိုးသမီး ၆ ဦးပိတ်မိနေကြောင်း သတင်းအရ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် သွားရောက်ကူညီခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များ၏ကူညီမှုကြောင့် နံနက် ၁၀ နာရီ ၂၃ မိနစ်အချိန်တွင် ဓာတ်လှေကားထဲ ပိတ်မိနေသည့် အမျိုးသမီး ၆ ဦးအား ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။