သရက်ချောင်းမြို့နယ်မှ ဒုလဝကမှူး အမျိုးသမီးတစ်ဦးအား အငြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီး

(မှုခင်း) မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှ ဒုလဝကမှူး အမျိုးသမီးတစ်ဦးအား အငြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မေလ၉ရက်နေ့ နံနက်၆နာရီခွဲအချိန်တွင် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ မြလေးလမ်း နေထိုင်သူ ဒေါ်မေဂျာသော်( ဒုလဝကမှူး)( ၃၆)နှစ်၊ ဘ၊ ဦးသောင်းမြင့်သည် ဆိုင်ကယ်ဖြင့် သရက်ချောင်းမြို့မှထားဝယ်မြို့သို့ ဖခင် ဖြစ်သူ ဦးသောင်းမြင့် နှင့် အတူ ဆေးကုသရန်သွားရောက်စဥ် သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာအုပ်စု၊ ရန့တောင်ကျေးရွာ ၊ တောက်ထိန်းတောင် တစ်ဝိုက်သို့ ရောက်ရှိစဥ် အကြမ်းဖက်PDFအဖွဲ့မှဖမ်းဆီးခေါ်ဆောင်းသွားကြောင်း သိရသည်။

အဆိုပါ ဒေါ်မေဂျာသော် ဖမ်းဆီးခံရသည့် နောက်ထိန်တောင် တစ်ဝိုက်တွင် လှုပ်ရှားလျှက်ရှိသော ထားဝယ်လူငယ်လက်ရုံး အမည်ခံ PDF အကြမ်းဖက် သူရဇော်ဥိးခေါင်းဆောင်သည့် PDFအဖွဲ့ဖြစ်နိုင်ကြောင်း၊ ၎င်းအမျိုးသမီးအား ယနေ့ချိန်ထိ အဆက်သွယ်မရရှိသေးကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

#PAN