(ပြည်တွင်း) မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တက်သစ်ကျေးရွာနေပြည်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို မေ ၁၀ ရက် နံနက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်းများက တက်သစ်ကျေးရွာနေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း၊ ကျေးရွာအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အသက် ၁၈ နှစ်ပြည့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုင်းရ၊ ဦးစိုးဝင်းအောင်၊ မှော်ဘီခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ကတ်များကိုလည်း ကျေးရွာနေပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


#PAN