(ပြည်တွင်း) မေ ၁၀
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းဖွံ့ဖြိုးရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။
တက်ရောက်လာသူများကလည်း ပြည်ပနိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိရေးအတွက် လက်ရှိဆောင်ရွက်နေသည့် ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသော အင်းလျားလိတ်ဟိုတယ်၊ Hotel G နှင့် The Strand ဟိုတယ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆင့်အတန်းမီသော ဟိုတယ်ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် “Yangon Heritage Night Run 2026” ၁၅ ကီလိုမီတာ ညအပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ၅ ကီလိုမီတာ ပြိုင်ပွဲကို တာလွှတ်ပေးကာ ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
#PAN