(မိုး/ဇလ) မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်တွင် ညောင်ပင်မှ ညောင်ကိုင်ပဲ့ကျကာ နေအိမ်ပေါ်သို့ ပိကျမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မေ ၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်း၊ အမှတ်(၅)အရန်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဝံသာနုလူမှုကူညီရေးအသင်းသားများနှင့် ပူးပေါင်းကာ အထောက်အကူပြုယာဉ်(၁)စီး၊ လူမှုကူညီရေးယာဉ်(၁)စီးဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပဲ့ကျနေသည့် ညောင်ကိုင်းအား ဖယ်ရှားရှင်းလင်းခြင်းနှင့် နေအိမ်ပေါ် ပိတ်မိနေသည့် အစိတ်အပိုင်းများအား ကူညီရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


#PAN