
(နိုင်ငံတကာ)မေ ၉
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်း ပွားမှုများကြောင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ အပစ်ရပ်စဲထားသည်မှာ ငါးလခန့် ရှိပြီဖြစ်သော် လည်း နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများမှ ကလေးငယ်များမှာမူ စစ်ပြန်ဖြစ်မည်ဆိုသည့် ကောလာဟလများကြောင့် ပညာရေးတွင် အာရုံမစိုက်နိုင်ဘဲ ဖြစ်နေကြသည်။
ပရိဝိဟာ (Preah Vihear) ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ မိဘများ၏ ပြောကြားချက်အရ ကလေးငယ်များသည် ကျောင်းမှပြန်လာတိုင်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့ တိုက်ပွဲပြန်ဖြစ်တော့မည်ဟူသော ကောလာဟလများကိုသာ ပြောပြနေကြပြီး ကျောင်းစာတွင် အာရုံမစိုက်နိုင်ဘဲ ရှိနေကြသည်။ အထူးသဖြင့် ဖခင်ဖြစ်သူများမှာ နယ်စပ်ရှေ့တန်းတွင် စစ်မှုထမ်းနေရသည့် ကလေးငယ်များမှာ ပိုမိုစိုးရိမ်ထိတ်လန့်နေကြပြီး ဖခင်ဖြစ်သူထံမှ ဖုန်းလာမည်ကိုသာ စောင့်မျှော်နေကြကြောင်း သိရသည်။
World Vision ၏ ပညာရေးတာဝန်ခံ ကင်မိုင်ဖုံ (Kinmai Phum) က နေရပ်စွန့်ခွာရသည့် ကျောင်းသားများအကြား ကျောင်းပျက်နှုန်းနှင့် ကျောင်းထွက်နှုန်းမှာ သိသိသာသာ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။ ထိုဒေသတွင် မိသားစုများ ခိုလှုံရာစခန်း တစ်နေရာမှတစ်နေရာသို့ မကြာခဏ ရွှေ့ပြောင်းနေရခြင်း၊ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာသဖြင့် ဝေးလံသည့် အထက်တန်း ကျောင်းများသို့ သွားရောက်ရန် ခက်ခဲလာခြင်း၊ ယာယီသင်ကြားရေးနေရာများတွင် အထောက်အကူပြုပစ္စည်းများ ကင်းမဲ့နေခြင်းတို့ကြောင့် ကျောင်းထွက်နှုန်းမှာ သိသိသာသာ မြင့်တက်လာကြခြင်းဖြစ်သည်။
ဘန်ကောက်နှင့် ဖနွမ်းပင်တို့မှ ခေါင်းဆောင်များအကြား တင်းမာမှုများ ရှိနေဆဲဖြစ်သဖြင့် ထိုင်း-ကမ္ဘောဒီး ယား နယ်စပ်တစ်လျှောက်ရှိ မခိုင်မြဲသော အပစ်ရပ်စဲရေးကာလတွင် ဒေသတို့၏ဘဝများမှာ ပုံမှန်ပြန်ဖြစ်ရန် မဖြစ်နိုင်သေးပေ။ ကမ္ဘောဒီးယားနိုင်ငံသားများ တစ်ချိန်က နေထိုင်ခဲ့ပြီး တိုက်ပွဲအတွင်း သိမ်း ပိုက်ခံခဲ့ရသည့် ကျေးရွာများသို့ ဝင်ရောက်ခွင့်မရစေရန် ထိုင်းတပ်ဖွဲ့များက ကုန်တင်ကွန်တိန်နာအကြီးစားများနှင့် ဆူးကြိုးများ အသုံးပြုကာ ပိတ်ဆို့ထားသည့်အပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။ ထိုင်းစစ်တပ်က ချထားသည့် အဆိုပါ ကွန်တိန်နာများ သည် ယခုအခါ နှစ်နိုင်ငံအကြား နယ်ခြားအသစ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းတာဝန်ရှိသူများသည် ဒီဇင် ဘာ လ ၂၇ ရက်နေ့တွင် အပစ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း ငါးလအကြာ ယခုအချိန်အထိ အခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။ တိုက်ပွဲများကြောင့် ထွက်ပြေးလာရသည့် မိသားစုများမှ ကလေးအများစုမှာ စစ်ဘေးရှောင်စခန်းများတွင် ကျောင်းဆက်တက်နေကြသော်လည်း၊ ၎င်းတို့၏ဘဝများမှာ မတည်ငြိမ်သေးသဖြင့် ပညာရေးမှာလည်း တစ်စစီဖြစ်နေကြောင်း မိဘများက ဆိုသည်။
နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင် ၃၄,၀၀၀ ကျော် (၎င်းတို့အနက် ၁၁,၀၀၀ ကျော်မှာ ကလေးငယ်များဖြစ် သည်) မှာ ယခုထက်တိုင် တာပေါ်လင်မိုးကာ တဲများဖြင့် နေထိုင်နေကြရဆဲဖြစ်သည်။
#Cambodia #Thailand #BorderConflict #EducationCrisis #RefugeeLife #BreakingNews #PositiveAngleNews #HumanitarianCrisis #SoutheastAsia
Telegram»…
https://t.me/positiveanglenews
#PAN