နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ မည်သည့်သဘောတူညီချက်မျိုးကိုမျှ လိုက်နာရန် တာဝန်မရှိကြောင်း မြောက်ကိုရီးယားပြောကြား

(နိုင်ငံတကာ)မေ ၇

    ​​ မြောက်ကိုရီးယားနိုင်ငံ (ပြုံယမ်း) သည် နျူကလီး ယားလက်နက်ဆိုင်ရာ မည်သည့်အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်မျိုး၏ စည်းနှောင်မှုကိုမျှ လိုက်နာမည်မဟုတ်ကြောင်းနှင့် ပြင်ပဖိအားများကြောင့် ၎င်းတို့၏ နျူကလီး ယားပိုင်ဆိုင်သည့် နိုင်ငံဟူသော အဆင့်အတန်းမှာ ပြောင်း လဲသွားမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က ပြတ်သားစွာ ကြေညာလိုက်သည်။


​     ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပနေသည့် နျူကလီး ယားမပြန့်ပွားရေးစာချုပ် (NPT) ပြန်လည်သုံးသပ်ရေး ညီလာခံ၌ အမေရိကန်နှင့် ၎င်း၏မဟာ မိတ်နိုင်ငံများက မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို ဝေဖန်ခဲ့ကြပြီးနောက်၊ သံအမတ် ကင်ဆောင်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် ၂၀၀၃ ခုနှစ်တွင် NPT မှ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နျူကလီးယားစမ်းသပ် မှု ၆ ကြိမ် ပြုလုပ်ခဲ့သဖြင့် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများစွာနှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ လမ်းစဉ်ကို လက်လျှော့မည်မဟုတ်ကြောင်း ဆိုသည်။


​     “ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံ ဆိုတဲ့အဆင့်အတန်းဟာ ပြင်ပက ပြောဆိုချက်တွေ ဒါမှမဟုတ် တစ်ဖက်သတ်အလိုဆန္ဒတွေအပေါ် မူတည်ပြီး ပြောင်းလဲသွားမှာမဟုတ်ပါဘူး” ဟု သံအမတ်က ဆိုသည်။ ၎င်းက ဆက်လက်၍ မြောက်ကိုရီးယား၏ နျူကလီးယားအဆင့်အတန်းကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင် အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


     လက်ရှိတွင် မြောက်ကိုရီးယားသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ကူညီရန် ခြေလျင်တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ စေလွှတ်ပေးထားပြီး၊ အပြန်အလှန်အားဖြင့် ရုရှားထံမှ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ နည်းပညာအကူအညီများ ရရှိနေသည်ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာသူများက ယူဆနေကြသည်။

     ​မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယားလက် နက်များကို စွန့်လွှတ်မည်မဟုတ်ကြောင်းနှင့် ယင်းလမ်းစဉ်မှာ “နောက်ပြန်လှည့်၍မရတော့ကြောင်း” ကာလရှည်ကြာ ရပ်တည်နေခဲ့သည်။ ထို့ပြင် ရုရှား၏ ယူကရိန်းကျူးကျော် စစ်ကို ကူညီရန် စစ်သည်များနှင့် လက်နက်များ စေလွှတ်ထားပြီး၊ အပြန်အလှန်အားဖြင့် ရုရှားထံမှ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရရှိနေကြောင်း လေ့လာသူများက ဆိုသည်။


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အစီရင်ခံစာများအရ မြောက်ကိုရီးယားအပါအဝင် ကမ္ဘာ့နျူကလီးယားပိုင်ဆိုင်သည့် ၉ နိုင်ငံတွင် နျူကလီးယားထိပ်ဖူးပေါင်း ၁၂,၂၄၁ ခုရှိနေပြီး၊ အမေရိကန်နှင့် ရုရှားတို့က ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်း ချုပ်ထားကြသည်။ မြောက်ကိုရီးယား၏ ယခုထုတ်ပြန်ချက်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့က နျူကလီးယားအကြောင်း ပြချက်ဖြင့် စစ်ဆင်နွှဲနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံ ရေးအတွက် စိုးရိမ်စရာဖြစ်လာနေသည်။

​#NorthKorea #Nuclear #NPT #UN #KimSong #USA #Russia #BreakingNews #PositiveAngleNews #InternationalPolitics

Telegram»…
https://t.me/positiveanglenews

#PAN