
(ပြည်တွင်း) မေ-၇
ပြည်တွင်းသို့ ဒီဇယ်ဆီတင်သွင်းခွင့်အပေါ် ကောက်ခံသည့် အခွန်ကင်းလွတ်ခွင့်ကို မေလ ၃၁ ရက်နေ့အထိ ထပ်မံရက်တိုးပေးလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ဒီဇယ်ဆီ (HSD 500ppm) တင်သွင်းခွင့်အပေါ် ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ဧပြီလ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့သည်။
ယခုအခါ အဆိုပါ အခွန်ကင်းလွတ်ခွင့်ကို မေလ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံခွင့်ပြုသွားမည်ဖြစ်သည်။
စက်သုံးဆီဈေးနှုန်းများ ချိန်ညှိနိုင်ရန်နှင့် ပြည်တွင်းစားသုံးသူများအပေါ် ဖိအားလျှော့ချနိုင်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အဆိုပါ အခွန်လျှော့ပေါ့မှုကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။