ယနေ့ မေ ၅ရက်နေ့အတွင်း မြို့နယ်သုံးခု၌ မီးလောင်မှုများဆက်တိုက်ဖြစ်ပွား

(မှုခင်း) မေ ၅

ရန်ကုန်တိုင်း‌၊ရွှေပြည်သာမြို့နယ်၌ Level 1 အဆင့်မီး လောင်မှုအပါအဝင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ ယနေ့ နံနက်အတွင်း မီးလောင်မှုများဖြစ်ဆက်တိုက်ပွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဗိုလ်နေဝင်းလမ်း
အဝေးပြေးကားဂိတ်အနီး မြို့နယ်သမဝါယမဦးစီးဋ္ဌာန ဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် နံနက် ၅ နာရီ ၃၈ မိနစ်ခန့်၌ မီးလောင်မှုဖြစ်ပွား၍ သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၄၅မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။

ထို့အပြင် ရွှေပြည်သာမြို့နယ် (၁၀)ရပ်ကွက် ညောင်ဦးလမ်း တွင် နံနက် ၇ နာရီ ၅၄ မိနစ်၌မီးလောင်မှုဖြစ်ပွား၍ Level 1 အဆင့်ဖြင့်‌ေရွှပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆက်လက်ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၊ သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင်နံနက် ၄ နာရီခွဲခန့်ကလည်း နေအိမ်မီး‌လောင်မှုဖြစ်ပွား၍ ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်များမှ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။