လူရည်ချွန် ကျောင်းသား ကျောင်းသူများ နေပြည်တော်နှင့်ဒေသအသီးသီး လေ့လာရေးခရီးထွက်ခွာ

(ပြည်တွင်း) ‌မေ ၄

၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးဖြင့် သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေ့လာရေးခရီးတွင် နဝမတန်းမှတက္ကသိုလ် ဒုတိယနှစ်အထိ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမ ၁၀၂ ဦး ပါဝင်ခဲ့ကြပြီး ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ ထိုနေရာ၌ လူရည်ချွန်ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် သူရဲကောင်းစစ်သည်ဗိမာန်နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်များသို့ သွားရောက်ကာ လေ့လာခဲ့ကြကြောင်း သိရသည်။

ယင်းနောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် သူရဲကောင်းစစ်သည် ဗိမာန်နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တို့သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ လူရည်ချွန် အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဉ်အနေဖြင့် နဝမတန်းကျောင်းသား ကျောင်းသူ ၉၆ ဦးသည် ပြင်ဦးလွင်စခန်း၊ ဒသမတန်း ၁၃၂ ဦးသည် အင်းလေးစခန်း၊ ဧကာဒသမတန်း ၁၃၃ ဦးသည် ငွေဆောင်စခန်း၊ ဒွါဒသမတန်း ၉၉ ဦးသည် နေပြည်တော်စခန်း၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ် ၂၉၁ ဦးသည် ချောင်းသာစခန်းသို့ အသီးသီးလေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။