(ပြည်တွင်း) မေ ၄
၂၀၂၆ ခုနှစ်၊ မေ ၄ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ လှိုင်မီးပွိုင့်အနီးရှိ ပြည်သူများ၏ လျှပ်စစ်မီးသုံးစွဲမှု အဆင်မပြေမှုများကို ဖြေရှင်းနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်း၍ လျှပ်စစ်မီးအသုံးပြုမှု အဆင်ပြေစေရန် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် အစိုးရ၏ ရက် (၁၀၀) စီမံချက်အတွင်း ပါဝင်သည့် “လမင်းစီမံချက်” ကိုလည်း ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း (မော်လမြိုင်နှင့် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)) က ဦးဆောင်ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#PAN