ဒဂုံမြို့သစ် ရွှေတောင်တန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား

(မူခင်း) မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၉) ရပ်ကွက်၊ ရွှေတောင်တန်းလမ်းတွင် ယနေ့ မေ ၁ ရက်၊ ၂၀၂၆ ခုနှစ်၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာသွားရောက်ခဲ့သည်။

အဆိုပါ မီးအား နံနက် ၆ နာရီ ၁၇ မိနစ်အချိန်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး နံနက် ၆ နာရီ ၂၄ မိနစ်အချိန်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

#PAN