နျူကလီးယားကိစ္စဖယ်ထားပြီး ဟော်မုဇ်ရေလက်ကြားဖွင့်ရန် အီရန်ကမ်းလှမ်း – ပါကစ္စတန်၊ အိုမန်နှင့် ရုရှားနိုင်ငံများသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အပြေးအလွှားသွားရောက်

(နိုင်ငံတကာ)ဧပြီ ၂၈

     အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ သည် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်သော်လည်း အီရန်၏ နျူကလီးယားအစီ အစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးမည့်ကိစ္စကိုမူ နောက်ဆိုင်းထားမည့် အဆိုပြုချက်တစ်ခုကို ဒေသတွင်းကြားဝင်စေ့စပ်သူများနှင့် ဆွေးနွေးခဲ့သည်။ ၎င်းသည် ၇၂ နာရီအတွင်း သုံးနိုင်ငံသို့ သွား ရောက်ခဲ့သည့် သံတမန်ရေးရာ အပြေးအလွှားခရီးစဉ်အတွင်း ယင်းစီမံကိန်းအတွက် ကျယ်ပြန့်သော ထောက်ခံမှုရရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

     ​အရတ်ဂ်ချီသည် ပါကစ္စတန်၊ အိုမန်နှင့် ရုရှားနိုင်ငံများသို့ သွားရောက်ခဲ့သည့်အပြင် လွန်ခဲ့သည့် သုံးရက်အတွင်း ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

    ​အရတ်ဂ်ချီသည် ၎င်း၏ အစ္စလာမ္မာဘတ်သို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့သည့် ခရီးစဉ်၏ ပထမအကြိမ်အဖြစ် တနင်္လာနေ့တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖီးလ်မာရှယ် အာဆင်မူနီယာ တို့နှင့် တွေ့ဆုံခဲ့သည်။

     ထို့နောက် ၎င်းသည် မတ်စကတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး တနင်္ဂနွေနေ့တွင် ပါကစ္စတန်သို့ ပြန် လည်ရောက်ရှိလာကာ မော်စကိုသို့ မထွက်ခွာမီ မူနီယာနှင့် ထပ်မံတွေ့ဆုံခဲ့သည်။

    ပါကစ္စတန်သည် အီရန်နှင့် အမေရိကန်ကြား မက်ဆေ့ခ်ျများ ပေးပို့ရာတွင် အဓိက “ကြားဝင်စေ့စပ်သူ” (Honest Facilitator)အဖြစ် ဆောင်ရွက်နေသည်။ အရတ်ဂ်ချီသည် ပါကစ္စတန်သို့ နှစ်ကြိမ်တိုင်တိုင် သွား ရောက်ခဲ့ပြီးနောက် စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်များကို ပေးအပ်ခဲ့သည်။

     နောက်ဆုံးခရီးစဉ်အဖြစ် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံကာ အီရန်၏ သန့်စင်ပြီး ယူရေနီယမ်များကို ရုရှားသို့ လွှဲပြောင်းပေးအပ်ရေးနှင့် သံတမန်ရေးရာ အကာအကွယ်ရရှိရေးတို့ကို ညှိနှိုင်းခဲ့သည်။

​     အီရန်၏ အဆိုပြုချက်တွင် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးနှင့် ဒေသတွင်း လုံခြုံရေးအာမခံချက်များကို အဓိကထားပြီး၊ အမေရိကန်က တောင်းဆိုနေသည့် နျူကလီးယားကိစ္စရပ်များကိုမူ နောက်အဆင့်မှသာ ဆွေးနွေးရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ သို့သော်လည်း သမ္မတထရန့်ကမူ အီရန်အနေဖြင့် နျူကလီးယားလက်နက် လုံးဝမရှိစေရဟူသည့် အချက်ကိုသာ အခိုင်အမာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

​     သမ္မတထရန့်အတွက် စိန်ခေါ်မှုမှာ “စစ်ပွဲဆိုင်ရာ အာဏာအပ်နှင်းမှုဥပဒေ” (War Powers Resolution)အရ လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ စစ်ရေးအရ ဆက်လက်ဆောင်ရွက်ရန် မေလ ၁ ရက်နေ့ နောက်ဆုံးသတ်မှတ်ချက်နှင့် ရင်ဆိုင်နေရခြင်းဖြစ် သည်။ လက်ရှိတွင် အမေရိကန်၏ အီရန်အပေါ် စစ်ဆင်ရေးမှာ ၉ ပတ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဒေသတွင်းနိုင်ငံများမှာလည်း ရေကြောင်းပိတ်ဆို့မှုကြောင့် စွမ်းအင်ပို့ကုန်များ ပြတ်တောက်နေသည့်ဒဏ်ကို ခံစားနေရသည်။

​#IranUSAWar #StraitOfHormuz #Araghchi #Diplomacy #PakistanMediation #Trump #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews
#PAN