ဝိုင်းမော်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၃

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တွင် မိတ်ဆက်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံများမျှဝေကာ လူထုနှင့်တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တနိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မီမီကျော်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်အောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးသီတာသိန်းနှင့် ဦးချန်းဂျောင်ဆားရ်တို့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းထွန်းနှင့် ပြည်သူ့အင်အားပါတီ (PPP) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဂွန်တန်ဂျာအောင်တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဲဆန္ဒရှင် ပြည်သူလူထုများနှင့် ပါတီဝင်များလည်း တက်ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား တိုက်ရိုက်တွေ့ဆုံကာ အတွေ့အကြုံများမျှဝေခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#PAN