မင်းဘူးမြို့တွင် စရိတ်သက်သာစွာဖြင့် ရေလုံလောက်စွာရရှိရေး ဆွေးနွေးမှု ပြုလုပ်

(ပြည်တွင်း) ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ တွင် ဒေသခံပြည်သူများ ရေလုံလောက်စွာ ရရှိရေးနှင့် စရိတ်သက်သာစွာ အသုံးပြုနိုင်ရေးအတွက် ဆွေးနွေးမှုတစ်ရပ်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စည်ပင်သာယာရေးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

စရိတ်သက်သာစွာဖြင့် ရေလုံလောက်စွာရရှိရေးအတွက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်သူဦးနှင့် ဦးစိန်ရွှေမင်းတို့ မှ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေပန်းနှင့် အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးမှုတွင် မင်းဘူးမြို့နေပြည်သူများအတွက် ရေရရှိရေးအခြေအနေများနှင့် စရိတ်သက်သာစွာ ရေဝန်ဆောင်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။