(ပြည်တွင်း) ဧပြီ ၂၃
နိုင်ငံတော်နှင့် ပြည်သူအား မျက်နှာမူပြီး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံတော် အေးချမ်းတည်ငြိမ် ဖွံဖြိုးတိုးတက်အောင် လက်တွဲပူး ပေါင်း ဆောင်ရွက်ကြဖို့ ၊နိုင်ငံတော်နဲ့ နိူင်ငံသားတွေကို အလုပ် အကျွေးပြု ဆောင်ရွက်ကြဖို့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှုး ဦးသောင်းအေးက ပါတီဝင်တွေကို တိုက်တွန်းမှာကြားလိုက်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမမှာ ဧပြီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီကပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းအတွင်းက ပါတီတာဝန်ရှိသူတွေနဲ့တွေ့ဆုံတဲ့ အခမ်းအနားမှာ ပါတီအထွေထွေအတွင်းရေးမှူးက ပြောဆိုလိုက်တာလို့ သိရပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲနဲ့ ညှိနှိုင်းတိုင်ပင်ကာ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်သွားကြဖို့၊ပါတီဗဟိုဌာနချုပ်အနေနဲ့ ပါတီဖွဲစည်းရေး၊လေ့ကျင့်ရေးများ ဆောင်ရွက်နေပြီဖြစ်ပြီး ပါတီအဆင့်ဆင့်အနေနဲ့ အင်အား တောင့်တင်း ခိုင်မာအောင်ဆောင်ရွက်သွားကြဖို့ မှာကြားခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဗဟိုအထွေထွေအတွင်းရေးမှုး ဦးသောင်းအေး၊ပါတီဗဟိုအလုပ်အ မှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ မန္တလေးမြိုတော်ဝန် လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်/မြိုနယ်များမှ ဥက္ကဌ၊အတွင်း ရေးမှုးများ၊စုစုပေါင်း ၈၀ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တွေ၊ရက်(၁၀၀) စီမံကိန်းမှာ အကောင်ထည်ဖော်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဥ်တွေကို ရှင်းလင်းပြောကြားခဲ့သလို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပါတီအဆင့်ဆင့်က ဆောင်ရွက်သွားရမယ့် ရှေ့လုပ်ငန်းစဥ်တွေ ၊မြိုနယ်တွေအလိုက် လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ရေး လုပ်ငန်းတွေရပ်ကျေးပါတီတွေ အင်အား တောင့်တင်းခိုင်မာရေး ဆောင်ရွက်သွားရမယ့်လုပ်ငန်းစဥ်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
#PAN