အမြန်လမ်းတွင် မော်တော်ယာဥ်တစ်စီး လမ်းဘေးထိုးကျသဖြင့် ရဟန်တစ်ပါး အပါဝင် ၉ဦးထိခိုက်ဒဏ်ရာ ရရှိ

(မှုခင်း) ဧပြီ ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၈၂/၇-၁၈၃/၀(ရန်ကုန်-နေပြည်တော် )တွင် Hilux Surf အမျိုးအစားမော်တော်ယာဥ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးထိုးကျခဲ့ကြောင်းသိရသည်။

ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က အသံဃာတော် (၁)ပါး ၊ယာဉ်မောင်းပါကျား(၃) မ(၅) ပေါင်း (၉)ဦး လိုက်ပါလာသည့် Hilux Surf အမျိုးအစား ကျောက်စိမ်းရောင်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၈၂/၇-၁၈၃/၀(ရန်ကုန်-နေပြည်တော် )အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းမှ တဆင့် လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ သံဃာတော် (၁)ပါး နှင့် ကျား (၂)ဦး၊ မ (၅)ဦးမှာ ထိခိုက် ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အရှိန်နှုန်းအတိုင်း မောင်းနှင်ကြပါရန် နှင့် အိပ်မငိုက်စေရန်အထူးသတိပေးအပ်ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။