
(နိုင်ငံတကာ) ဧပြီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နှင့် ချမှတ်ထားသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း ရုတ်တရက် ကြေညာလိုက်ပြီး၊ အီရန်ဘက်မှ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်တစ်ရပ် တင်ပြလာနိုင်စေရန် အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုအစီအစဉ်များကို ခေတ္တဆိုင်းငံ့ထားမည်ဟု ပြောကြားခဲ့သည်။
ယနေ့ (ဗုဒ္ဓဟူးနေ့) တွင် သက်တမ်းကုန်ဆုံးရန် သတ် မှတ်ထားသော အပစ်ရပ်စဲရေးကို ပါကစ္စတန် ကြားဝင်စေ့စပ်သူများ၏ တောင်းဆိုချက်အရ သက် တမ်းတိုးပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ထရန့်က ဆို သည်။ သို့သော်လည်း အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ဝိုင်းရံပိတ်ဆို့ထားမှု (Naval Blockade) ကိုမူ ရုပ်သိမ်းပေးမည်မဟုတ်ဘဲ ဆက် လက်ထားရှိမည်ဟု အတိအလင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ သက်တမ်းတိုးလိုက်ခြင်းမှာ ထရန့်၏ အံ့အားသင့်ဖွယ် ဂငယ်ကွေ့ ပြောင်းလဲမှုတစ်ခု ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် နာရီပိုင်းအလိုကပင် ထရန့်သည် အပစ်ရပ်သက်တမ်းတိုးရန် ငြင်းဆိုထားပြီး အီရန်၏ အခြေခံအဆောက်အအုံများကို အကြီး အကျယ် ဗုံးကြဲတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ပြင်းထန်စွာ သတိပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွမ်း ကျင်သူအချို့ကမူ ယခုလုပ်ရပ်သည် တုံ့နှေးနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကြောင့် ဖြစ်ပေါ်လာသည့် အကျပ် အတည်းကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
ထရန့်က ၎င်း၏ သတင်းစကားတွင် အီရန်အစိုးရအတွင်း၌ သဘောထားကွဲလွဲမှုများ ပြင်းထန်နေကြောင်းနှင့် ယင်းအချက်က သံတမန်ရေးရာ နှောင့် နှေးမှုများကို ဖြစ်စေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ သို့သော်လည်း တီဟီရန်မြို့မှ သတင်းရင်းမြစ်များအရ အီရန်ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ(Mojtaba Khamenei) လက်အောက်တွင် အုပ်ချုပ်ရေးယန္တရားမှာ စည်းလုံးလျက်ရှိပြီး အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို “စစ်မက်ပြုသည့်လုပ်ရပ်” အဖြစ် သတ်မှတ်ကာ တုံ့ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်က အပစ်ရပ်သက်တမ်းတိုးပေးမှုအတွက် ထရန့်ကို ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ အစ္စလာမ္မာဘတ်တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲ၌ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိရန် မျှော် လင့်ကြောင်း ဆိုသည်။ သို့သော်လည်း အီရန်ဘက်က ယူရေနီယံများကို နိုင်ငံပြင်ပသို့ အထွက်ခံမည်မဟုတ်ကြောင်းနှင့် ရေတပ်ပိတ်ဆို့မှုကို လက်မခံနိုင်ကြောင်း ပြောဆိုထားရာ၊ ဆွေးနွေးပွဲများ အောင် မြင်ရန်မှာ အလွန်ခက်ခဲနေဆဲ ဖြစ်သည်။
#USIranWar #DonaldTrump #CeasefireExtension #PakistanTalks #MiddleEastCrisis #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN