(မှုခင်း)ဧပြီ ၂၂

(ရှမ်းအရှေ့) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အိမ်အမှတ် (၁/၁၆)တွင် အထောက်အထားမဲ့ ထိုင်းနိုင်ငံသား ၃ဦးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဧပြီလ ၂၀ရက်နေ့ ညနေ ၅နာရီအချိန်က မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အိမ်အမှတ် (၁/၁၆)တွင် တရားမဝင်ထိုင်းနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ အဆိုပါနေအိမ်အတွင်း ထိုင်းနိုင်ငံသား (၃)ဦးအားတွေ့ရှိရကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား ၃ဦးအားပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခဲ့ရာ၎င်းတို့အား တရားမဝင်ခေါ် ဆောင်ခဲ့သူမှာ ပီလုံဖြစ်ကြောင်းထွက်ဆိုသဖြင့် ပီလုံအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ပီလုံ(ခ)မိုင်ကျိုင်းလုံ၊ ၄၈/၂၀၂၆ နှစ်၊ (ဘ)ဦးမိုက်တွန်ခုံရုံ၊ အမှတ်(ဆဆက-၄/၁၅၈)၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူမှာ မူးယစ်ဆေးဝါးကျော်ဇော သတင်းရှိသူဖြစ်ကြောင်း သိရသည်။
ထို့နောက် ည၁၁နာရီ၁၅မိနစ်အချိန်တွင် ပီလုံ(ခ)မိုင်ကျိုင်းလုံ၏နေအိမ်အား လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ပီလုံ(ခ) မိုင်ကျိုင်းလုံမှာ နေအိမ်တွင်တွေ့ရှိခြင်းမရှိဘဲ ၎င်းအိပ်သည့် အိပ်ခန်းအတွင်း ဗီရိုအတွင်းမှ ပီလုံ(ခ) မိုင်ကျိုင်းလုံအမည်နှင့် ဓါတ်ပုံပါ နိုင်ငံကူးလက်မှတ် မူရင်း(၁)အုပ်၊ မိုင်ကျိုင်းလုံ(ဘ)ဦးမိုက်တွန်ခုံရုံ၊ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ(၁)စောင်တို့အား တွေ့ရှိရသည်။
ထို့ပြင် လုံခြုံရေးအဖွဲ့မှ ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်နောက်ကပ်လျက်ရှိ ဂိုဒေါင်အားအခန်းများဖွဲ့ထားပြီးအခန်းများ အတွင်းမှ 999 တံဆိပ်ပါ ဖယောင်းစက္ကူဖြင့်ပတ်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားစီပါ အထုပ်ကြီး ၁၅၉ ထုပ်( ပေါင်း ၁၅၉၀၀၀၀ ပြား)၊ Y 1 တံဆိပ်ပါ ဖယောင်း စက္ကူဖြင့်ပတ်လျက် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၆၀၀၀ ပြားစီပါ အထုပ်ကြီး (၁၆)ထုပ်(ပေါင်း ၉၆၀၀၀ ပြား)၊ ပလပ်စတစ်အကြည်ဖြင့် ထည့်လျက် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၂၀၀၀၀၀ ပြားစီပါ (၃)အိတ်နှင့် ၁၀၀၀၀၀ ပြားပါ (၁)အိတ်၊ ( ပေါင်း ၇၀၀၀၀၀ ပြား)၊ ပလပ်စတစ်အကြည်ဖြင့် ထည့်လျက် WY စာတမ်းပါအစိမ်းရောင်စိတ်ကြွဆေးပြား ၆၀၀၀ ပြားပါ(၁)အိတ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၂၃၉၂၀၀၀ ပြား ၊ အလေးချိန် ၁၉၁.၃၆ ကီလို( ဒေသ တန်ဖိုး ၁ ပြားလျင် ငွေ ၄၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၉၅၆၈ သိန်းခန့်မှန်း၊ အနီရောင်ကော်ပုံးအတွင်း ပလပ်စတစ်အကြည်ဖြင့် ထည့်လျက် နီညိုရောင် စိတ်ကြွဆေးမှုန့် ၄၀ ကီလိုခန့်၊ (ဒေသတန်ဖိုး ၁ ကီလိုလျင် ငွေကျပ်သိန်း ၄၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၆၀၀ သိန်းခန့်၊ ပလပ်စတစ်အကြည်ဖြင့် ထည့်လျက် မက်သ်အဖက်တမင်း( ICE )အဖြူရောင် ပုံဆောင်ခဲ အလေးချိန် ၂ ကီလိုခန့်( ဒေသတန်ဖိုး ၁ ကီလိုလျင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၆၀ သိန်းခန့်)၊ ပလပ်စတစ်အကြည်ဖြင့် ထည့်လျက် ကဖင်းဟုယူဆရသော အဖြူရောင်အမှုန့် အလေးချိန် ၁.၅ ကီလိုခန့်( ဒေသတန်ဖိုး ၁ ကီလိုလျင်ငွေကျပ် ၀.၈၅ သိန်းနှုန်းဖြင့် တန်ဖိုးငွေကျပ် ၁.၂၇၅ သိန်းခန့်၊ ပလပ်စတစ်ဖြင့် ထည့်လျက် ဗယ်နလင်တံဆိပ်ပါ အဖြူရောင်အနံ့ဆေးမှုန့် ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ စုစုပေါင်း အလေးချိန် ၄ ကီလိုခန့် (ဒေသတန်ဖိုး ၁ ကီလိုလျှင် ငွေ ၅၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ငွေကျပ် ၂၀၀၀၀ ကျပ်ခန့်၊ Food Colour တံဆိပ်ပါ အပြာရောင်ကော်ဘူးဖြင့်ထည့်လျက် နီ/ညိုရောင် အနံ့ဆေးမှုန့် ၀.၄၅ ကီလိုခန့်ပါ ၁ ဘူး၊ ၀.၂ ကီလိုခန့်ပါ ၁ ဘူး၊ အနီရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် ၂ ဂရမ်ခန့်ပါ ၁၀၀ ထုပ် ၂ ထုပ်၊ ပေါင်း ၄၀၀ ဂရမ်၊ စုစုပေါင်း ၁.၀၅ ကီလိုခန့် (ဒေသတန်ဖိုး ၁ ကီလိုလျှင် ငွေ ၅၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၅၂၅၀ ကျပ်ခန့်)၊ မျောက်တံဆိပ် အနံ့ဆေးရည် အကြည်ရောင် ၁ လီတာခန့်ပါ ၁၇ ပုလင်း၊ စုစုပေါင်း ၁၇ လီတာခန့် (ဒေသတန်ဖိုး ၁ လီတာလျှင် ငွေ ၅၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၈၅၀၀၀ ကျပ်ခန့်)အား သိမ်းဆည်းရမိသည်။
ဆက်လက်ပြီး မူးဆေးဝါထုတ်ရာတွင်အသုံးပြုသည့် ဆက်သပ်ပစ္စည်းများဖြစ်သည့် WY တံဆိပ်ပါ ရိုက်မို ၆၀ ချောင်း၊ တံဆိပ်မပါ ၁၁၂ ချောင်း၊ စုစုပေါင်း ရိုက်မို ၁၇၂ ချောင်း၊ မွှေစက်အကြီး ၂ လုံး ၊ မွှေစက်အသေး ၂ လုံး၊ စုစုပေါင်း မွှေစက် ၄ လုံး၊ မှိုင်းကိုင်စက္ကူ ဆာလာအိတ် ၁ လုံး၊တစ်ကြိမ်လျှင် စိတ်ကြွဆေးပြား ၁၇ လုံးကျ ဆေးပြားရိုက်စက် ၁ လုံး၊ တစ်ကြိမ်လျှင် စိတ်ကြွဆေးပြား ၉ လုံးကျ ဆေးပြားရိုက်စက် ၁ လုံ၊အဆင့် ၁၂ ဆင့် ပါ လျှပ်စစ်သုံး ဆေးပြားအခြောက်ခံစက် ၁ လုံး ၊စတီးဇလုံ ၄ လုံး၊ စတီးဇကာ ၄ ခု၊ အစိမ်းရောင် ကီလိုချိန်ခွက် အသေး ၁ လုံး၊ အမြင့် ၁ ပေခွဲ၊ အချင်း ၁ ပေခန့်ရှိ အခြောက်ခံ စတီးအိုး ၁ လုံး၊ MAGIC တံဆိပ်ပါ တံဆိပ်ရိုက်စက် ၁ လုံး၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်များ ထည့်ထားသည့် ဆာလာအိတ် ၄ လုံး၊ အမြင့် ၁၆ လက်မခန့်၊ အချင်း ၁၄ လက်မခန့်ရှိ အခြောက်ခံ စတီးအိုး (ဒေါက်ပါ) ၁ လုံးတို့အား သိမ်းဆည်းရမိသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထုတ်လုပ်ရောင်းဝယ်ပြုလုပ်သူ အိမ်ရှင် ပီလုံ(ခ)မိုင်ကျိုင်းလုံ၊ အမှတ်(ဆဆက-၄/၁၅၈)၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့(တိမ်းရှောင်)အား ဥပဒေနှင့်အညီအရေးယူ ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။