မြန်မာသံရုံး၏ လုပ်ငန်းများအား ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံး ထုတ်ပြန်

(ပြည်တွင်း) ဧပြီ ၂၀

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိကြောင်း ဧပြီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သံရုံးဆိုင်ရာ ကိစ္စရပ်များကို သံရုံးမှသာ တိုက်ရိုက် ဆောင်ရွက်ပေးလျက်ရှိပြီး လျှောက်ထားသူများ တင်ပြလာသည့် အထောက်အထားနှင့် အချက်အလက်များကို ပြည့်စုံမှန်ကန်မှုရှိမရှိ စိစစ်ကာ အချိန်ကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သံရုံး၏ လုပ်ငန်းများနှင့်ပတ်သက်၍ မည်သည့် ကြားခံလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ တာဝန်ပေးထားခြင်း မရှိကြောင်း ထပ်မံ အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။