
(ပြည်တွင်း) ဧပြီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အကြီးအကဲ၏ တရားဝင် Facebook စာမျက်နှာကို စတင်မိတ်ဆက်ထားပြီး ပြည်သူများအား တရားဝင်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရယူနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါစာမျက်နှာတွင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် တရားဝင်ကြေညာချက်များ၊ နိုင်ငံတော်ဆိုင်ရာ နောက်ဆုံးရသတင်းများ၊ ပြည်သူလူထုနှင့် တွေ့ဆုံဆောင်ရွက်မှုများနှင့် အရေးကြီးသော ထုတ်ပြန်ချက်များကို တိုက်ရိုက်မျှဝေပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ယင်းစာမျက်နှာ၏ ရည်ရွယ်ချက်မှာ ပြည်သူများအား သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်ရေးကို ပိုမိုခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်းလည်း ဆိုထားသည်။
နိုင်ငံတော်အရေးအရာများနှင့် အရေးကြီးဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်သိရှိနိုင်ရန်အတွက် အဆိုပါစာမျက်နှာကို Follow ပြုလုပ်ထားရန် ဖိတ်ခေါ်ထားပြီး ပြည်သူများ၏ အားပေးထောက်ခံမှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။