
(နိုင်ငံတကာ) ဧပြီ ၁၆
အမေရိကန်နှင့် အီရန်အကြား ဖြစ်ပွားနေသည့် ပဋိ ပက္ခများကို အဆုံးသတ်ရန် ပါကစ္စတန်နိုင်ငံက အရှိန် အဟုန်မြှင့် ကြားဝင်စေ့စပ်ပေးနေပြီး၊ နှစ်ဖက်အကြား “ကြီးမားသော အလှည့်အပြောင်း” ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ပါကစ္စတန် စစ်သေနာပတိ အာဆင်မူနီယာသည် အမေရိကန်ထံမှ သဝဏ်လွှာတစ်စောင်ကို ကိုင်ဆောင်ကာ တီဟီရန်သို့ သွားရောက်ခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချ်ချီနှင့် တွေ့ဆုံခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်သည် ဆော်ဒီအာရေးဘီးယား၊ ကာတာနှင့် တူရကီနိုင်ငံများသို့ သွား ရောက်ကာ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် ဒေသတွင်းနိုင်ငံများက ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသည်။ ယင်းသည် ငြိမ်းချမ်းရေးကို မလို လားသည့် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကို တားဆီးရန် “နှစ်ဖက်ညှပ် မဟာဗျူဟာ” ဖြစ်သည်ဟု လေ့လာ သူများက သုံးသပ်သည်။
လက်ရှိဆွေးနွေးပွဲများတွင် အဓိက အဟန့်အတားဖြစ်နေသည့် အီရန်၏ နျူကလီးယားသန့်စင်မှု ရပ်တန့်ထားမည့် ကာလသတ်မှတ်ချက် (၅ နှစ် နှင့် အနှစ် ၂၀ ကြား) အပေါ် ပြေလည်မည့် အဖြေတစ်ခု ရရှိတော့မည်ဖြစ်ကြောင်း Al Jazeera သတင်းက ဆိုသည်။ အီရန်တွင်ရှိနေသည့် ယူရေနီယံများကို တတိယနိုင်ငံသို့ ပို့ဆောင်ရန် သို့မဟုတ် သဘာဝအဆင့်သို့ ပြန်လည်လျှော့ချရန် ရွေးချယ်စရာများကို ပါကစ္စတန်က ကြားဝင်ညှိနှိုင်းပေးနေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အင်္ဂါနေ့နှောင်းပိုင်းတွင် အီရန်နှင့်စစ်ပွဲမှာ “ပြီးဆုံးရန် အလွန်နီးကပ်နေပြီ” ဖြစ်ကြောင်းနှင့် ကမ္ဘာကြီးအနေဖြင့် “အံ့အားသင့်ဖွယ် နှစ်ရက်တာ” ကို တွေ့မြင်ရတော့မည်ဖြစ်ကြောင်း အပြုသဘောဆောင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်ကလည်း ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့် ဆွေးနွေးပွဲများသည် အောင်မြင်ရန် အလားအလာကောင်းနေကြောင်း အတည်ပြုထားသည်။
သံတမန်ရေးအရ တိုးတက်မှုများ ရှိနေသော်လည်း ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အီရန် ဘက်ကလည်း ယင်းကို အပစ်ရပ်စဲရေး ချိုးဖောက်မှုအဖြစ် ရှုတ်ချထားသည်။ အကယ်၍ ပိတ်ဆို့မှုကို မဖယ်ရှားပါက ပင်လယ်နီနှင့် ပင်လယ်ကွေ့တလျှောက် ကုန်သွယ် ရေးလမ်းကြောင်းများကို လက်တုံ့ပြန် ပိတ် ဆို့မည်ဟု အီရန်စစ်ဘက်က သတိပေးထားပါသည်။
#US #Iran #Pakistan #PeaceTalks #AsimMunir #ShehbazSharif #DonaldTrump #NuclearDeal #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN