
(ပြည်တွင်း) ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေ ကြောင်း သိရသည်။
မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားတွေကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ ပုသိမ်မြို့ ကမ်းနားလမ်းဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းတလျှောက်ရှိ မဏ္ဍပ်များတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားများသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမျ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲပြီးနောက် ကမ်းနားလမ်းတလျှောက်တွင် လမ်းလျှောက်ရေပက်ပွဲများ ဆက်လက်ကျင်းပခဲ့ပြီး ပြည်သူများသည် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


ဧရာဝတီတိုင်းအတွင်း ယခုနှစ် သင်္ကြန်ပွဲတော်သည် ရိုးရာယဉ်ကျေးမှုနှင့် ပျော်ရွှင်ဖွယ်ရာများ ပေါင်းစပ်ထားသည့် ပွဲတော်တစ်ခုအဖြစ် ကျင်းပလျက်ရှိပြီး ဒေသခံပြည်သူများအပြင် အခြားဒေသများမှ လာရောက်သူများလည်း စိတ်ဝင်စားစွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

