


(မှု့ခင်း) ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၅ ကွေ့မှတ်တိုင်အနီးရှိ ရေဆိုးထုတ်သည့် ရေမြောင်းအတွင်း မော်တော်ယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်ကာ ရေနှုတ်မြောင်းအတွင်း ပြုတ်ကျသဖြင့် ၁ ဥိးသေဆုံးကြောင်း သိရသည်။
ယနေ့နံနက် ၁နာရီကျော်အချိန်က သာကေတမြို့နယ် ၊ ၅ ကွေ့မှတ်တိုင်အနီး ၁၀ပေအကျယ် အနက် ၁၅ပေရှိ ရေဆိုးထုတ်မြောင်းအတွင်း အမျိုးသား၅ဦး လိုက်ပါစီးနှင်းလာသည့် မော်တော်ယာဥ်သည် အရှိန်လွန်ကာ မြောင်းအတွင်းထိုးကျခဲ့ကြောင်း သိရသည်။
အဆိုပါမြောင်းအတွင်းတွင် ရေ ၅ပေကျော်ရှိသဖြင့် ကားအတွင်းရှိ အမျိုးသား ၁ဦးမှာ ရေမွန်းသေဆုံးခဲ့ကြောင်း ယာဉ်မောင်းအပါအဝင် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် အမျိုးသား ၄ဦးတွင် ထိခိုက်ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြကြောင်း သိရသည်။
ယာဉ်မတော်တဆမှုအား သာကေတမြို့နယ်ရှိလူမှုကယ်ဆယ်ရေးအသင်းဖွဲ့များက သက်ဆိုင်ရာတာဝန်ရှိသူများအတူ ပူးပေါင်း ကူညီဆောင်ရွက်ပေးပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။