
(နိုင်ငံတကာ) ဧပြီ ၁၁
အမေရိကန်နှင့် အီရန်တို့အကြား ရက်သတ္တပါတ်ပေါင်းများစွာ ကြာမြင့်လာသော စစ်မီးကို ငြိမ်းသတ်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးမည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ ယနေ့ စတင်ကျင်းပနေပြီ ဖြစ်သည်။ ယခုဆွေးနွေးပွဲသည် ဒေသတွင်း ပိုမိုကြီးမားသော စစ်မီး တောက်မဖြစ်ပွားစေရန် နောက်ဆုံးမျှော်လင့်ချက်အဖြစ် ရှုမြင်ခံနေရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကိုယ်တိုင် ဆွေး နွေးပွဲသို့ စေလွှတ်ခဲ့သည်။ ဗန့်စ်သည် အစ္စလာမ္မာဘတ်သို့ မထွက်ခွာမီ “အီရန်ဘက်က ရိုးသားစွာ ဆွေးနွေးမည်ဆိုပါက ကျွန်ုပ်တို့ဘက်က လက်ကမ်းကြိုဆိုရန် အသင့်ရှိကြောင်း” ပြောကြားခဲ့သည်။ အီရန်ဘက်ကလည်း ယခင်က ဆက်ဆံခဲ့ဖူးသည့် စစ်လိုလားသူ သံတမန်များထက် ဗန့်စ်နှင့် ဆွေးနွေးရသည်ကို ပိုမိုနှစ်သက်ကြောင်း အရိပ်အယောင်ပြခဲ့သည်။

အီရန်ဘက်တွင် လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်နှင့် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီတို့က ဦးဆောင်ဆွေး နွေးနေသည်။ သို့သော် ဆွေးနွေးပွဲမစတင်မီ ဂါလီဘတ်က အချက်နှစ်ချက်ကို ကြိုတင်တောင်းဆိုထားသည်။ လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရန်နှင့် ဆွေးနွေးပွဲမစမီ အီရန်၏ သိမ်းဆည်းခံထားရသော ပိုင်ဆိုင်မှုများကို ပြန်လည်လွှတ်ပေးရန် တို့ဖြစ်သည်။
ဆွေးနွေးပွဲများ ကျင်းပနေသော်လည်း နှစ်ဖက်အကြား ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်တွင် ရှိနေ သည်။ သမ္မတထရန့်က အကယ်၍ ဆွေးနွေးပွဲများ ပျက်ပြားသွားပါက “ယဉ်ကျေးမှုတစ်ရပ်လုံးကို ဖျက်ဆီးပစ်မည်” ဟု ခြိမ်းခြောက်ထားသလို၊ အီရန်ဘက်ကလည်း ယခုဆွေးနွေးပွဲမှာ အမေရိကန်ဘက်က စစ်ရေးပြင်ဆင်ရန် အချိန်ဆွဲသည့် လှည့် ကွက်ဖြစ်မည်ကို စိုးရိမ်နေကြသည်။
အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်ကျူးကျော် စစ် ပါဝင်ခြင်း ရှိ၊ မရှိမှာ အဓိက အငြင်းပွားစရာ ဖြစ်နေသည်။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် သေဆုံးသူ ၃၅၀ ကျော်အထိ ရှိလာခြင်းက ဆွေး နွေးပွဲများကို ပျက်ပြားစေရန် ခြိမ်းခြောက်နေသည်။ သို့သော် ထရန့်က နေတန်ယာဟုကို ပါကစ္စတန်ဆွေး နွေးပွဲ မပြီးမချင်း လက်ဘနွန်စစ်ဆင်ရေးကို အရှိန်လျှော့ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
ယခုဆွေးနွေးပွဲမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်အသစ်များ ထွက်ပေါ်လာမလားဆိုသည်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်လျက်ရှိပါသည်။
#USIranTalks #JDVance #IslamabadSummit #MiddleEastPeace #Ceasefire #Trump #Iran #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN