ပြည်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဧပြီ ၁၀

ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေတောင်ကြားလမ်းရှိ နေအိမ်တွင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဧပြီ ၇ ရက်နေ့ ညနေ၄နာရီ၂၀မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေခံပစ္စည်းများနှင့်အတူ အောင်ပြည့်ဖြိုး(ခ)အောင်လေး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၃၄၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၆၆.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုး(ခ)အောင်လေး(၂၇)နှစ်အား ပြည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။