




(ပြည်တွင်း)ပြီ ၁၀
ရှမ်းပြည်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်မိုင်းလား၊ အထူးဒေသ – ၄ တွင် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်သည့် တရုတ်နိုင်ငံသား ၂၀၀ဝန်းကျင်ခန့် တရုတ်နိုင်ငံဖက်သို့ ယမန်နေ့က လွှဲပြောင်းေပးခဲ့ကြောင်း သိရသည်။
ကျားဖြန့်များအား ယမန်နေ့ ဧပြီ ၉ရက်က နယ်စပ်တစ်နေရာတွင် အိတ်ပရက်စ် ကားစီးရေ အနည်းဆုံး ၇ စီးဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ မတ် ၂၆ ရက် နံနက်ပိုင်းက ပန်ဆန်း(ပန်ခမ်း)ရှိ မန်ခါးနယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံ၊ ယူနန်အစိုးရထံ တရားမဝင် တရုတ်နိုင်သား ကျားဖြန့် ၃၂ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဆက်စပ်သတင်းအနေဖြင့် UWSA ထိန်းချုပ် ပန်ဆန်းတွင် ယမန်နေ့က NDAA အဖွဲ့နှင့် MNDAA အဖွဲ့ ခေါင်းဆောင်ပိုင်းအချို့က ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့များ ခေါ်တွေ့ ပြီး ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် ထိန်းချုပ်ဒေသအားလုံး ကျားဖြန့်ကင်းစင်ရေး စစ်ဆင်ရေးတစ်ခုအဖြစ် ဖော်ဆောင်ရန် အစည်းဝေးလုပ်ခဲ့ကြောင်း သိရသည်။