(ပြည်တွင်း) ဧပြီ ၉
ပြည်ထောင်စုလွှတ်တော်ရုံးမှ ထုတ်ပြန်ချက်အရ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် အဖွဲ့အစည်းဝင်များကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်ခဲထားရသူက အဆိုပြုထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဖြင့် အတည်ပြုပေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်ရန် သဘောတူညီခဲ့သည်။
ထို့အပြင် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီး ပဉ္စမနေ့အစည်းအဝေး ရပ်နားကြောင်း သိရသည်။
#PAN