



(ပြည်တွင်း) ဧပြီ ၇
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်( ၂၀ )ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်( ၁ )ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း(၂၈)ဦးနှင့် လေ့လာသူ ( ၃ )ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်း အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးမြတ်ကိုက တိုင်းဒေသကြီးလွှတ်တော် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီ၊ တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့ တို့၏ အဖွဲ့ဝင်ဦးရေ၊ ကော်မတီနှင့် အဖွဲ့၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၏အမည်စာရင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ရှင်းလင်းခဲ့တင်ပြခဲ့သည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌဦးမြတ်ကိုက လွှတ်တော်၏ အတည်ပြုချက်ရယူဆောင်ရွက်ခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့ပြီး အစည်းအဝေးကို နံနက်၁၀နါရီ၄၅မိနစ် အချိန်တွင် အစည်းဝေး ပြီးစီးခဲ့ကြောင်း သိရသည်။