အကြမ်းဖက်PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

(မှုခင်း) ဧပြီ ၈

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် PDF အဖွဲ့က အရပ်သားပြည်သူ လေးဦးအား သေနတ်ဖြစ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့ ညပိုင်းအချိန်တွင် ၊ မီးတိုင်တက်ကျေးရွာနေ ကိုမင်း၊ ကိုဇင်ကိုကို၊ ဦးသိန်းငွေ နှင့် ဦးသန်းလှိုင်တို့မှာ ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး “ဒလန်များ”ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ကာ မီးတိုင်တက်ကျေးရွာ၏တောင်ဘက် ၁ မိုင်ခန့်အကွာ ခေါဇာ-ကျုံည်ကားလမ်းပေါ်အရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခဲ့သောကြောင့် ကိုမင်း၊ ကိုဇင်ကိုကိုနှင့် ဦးသိန်းငွေတို့မှာ ၎င်းနေရာမှာပင် သေဆုံးခဲ့ပြီး ဦးသန်းလှိုင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့၍ ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

#PAN