မိတ္ထီလာမြို့၊ဝန်ဇင်း(မြောက်)ကန် ဘောင်ရှိ စည်ပင်ပန်းခြံအတွင်း အကြမ်းဖက်သမားများ ထောင် ထားသော မိုင်းတစ်လုံး တွေ့ရှိ

(ပြည်တွင်း) ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့၊ဝန်ဇင်းရပ် ကွက်၊ဝန်ဇင်း(မြောက်)ကန်ဘောင်ရှိ စည်ပင်ပန်းခြံအတွင်း အကြမ်းဖက်သမားများထောင်ထားသော လက်လုပ်မိုင်းတလုံးအား တာဝန်သိပြည်သူတစ်ဦးသတင်းပေးချက်အရ မိုင်းရှင်းလင်းရေးအဖွဲ့မှ အချိန်မှီ သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇နာရီ၄၅မိနစ်အချိန်က ဝန်ဇင်း(မြောက်)ကန်ဘောင်တွင် မသင်္ကာဖွယ်အထုပ် ၁ထုပ်တွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန် ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ပီနံအိပ်အတွင်း ၁၂၀-မမ ဗုံးသီး ၁လုံး၊တစ်ဂါလံဆန့် ဆေးပုံးအဖြူအတွင်း ယမ်းနှင့်ပေါင်းစပ်ထည့်ထားသော သံတိုသံစများအတွင်း ဝါယာကြိုး ၂စမြှပ်၍ ၁၂၀-မမ ဗုံးသီးနှင့်ချိတ်ဆက်ကာ ဆားကစ်ပြား၊ဆိုင်ကယ်ဘက္ထရီအိုးနှင့် ချိတ် ဆက်ထားသည့် မိုင်းဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းအား သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ မိုင်းရှင်းလင်းရေးအဖွဲ့အား ဆက်သွယ်အကြောင်းကြားခဲ့ရာ မိုင်းရှင်းလင်းရေးအဖွဲ့ရောက်ရှိလာပြီး မိုင်းအား သက်မဲ့လုပ်၍ သယ်ဆောင်သွားခဲ့ကြောင်း၊မိုင်းရှင်းလင်းရေးအဖွဲ့မှ အများပြည်သူ မထိခိုက်စေရေးအတွက် အဆိုပါမိုင်းအား လိန်တောအုပ်စု၊အံထူးကျေးရွာရှိ စက်ပစ်ကွင်း၌ ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း သိရသည်။

#PAN