ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီး (၁၀)ဦးကို တိုင်းလွှတ်တော် အတည်ပြု

(ပြည်တွင်း) ဧပြီ ၇

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစည်းအဝေးကို ဧပြီလ ၇ ရက်နေ့ မနက် ၁၀နါရီ က ကန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဗိုလ်ဌေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေလင်းထွန်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသော် ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာထူးမောင် ၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုဦး၊ ကယ်ဆယ်ရေး၊ပြန်ကြားရေးနှင့်သာသနာ‌ေရးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင် တို့အားအတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဝန်ကြီး စောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဝန်ကြီး ဦးနေမင်းထွန်းအား လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒါသွယ်၊ တိုင်းဥပဒေချုပ်အဖြစ် ဒေါ်ဖြူမာဝေ၊ စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်မာချို၊ တိုင်းတရားသူကြီးများအဖြစ် ဦးကျော်စွ့ာငြိမ်း၊ဒေါ်ထားထား၊ဒေါ်နုနုခင်၊ဦးကျော်ကျော်၊ဒေါ်မာလာထွဋ်၊ဦးသောင်းထွေး တို့ကိုလည်း ခန့်အပ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။

#PAN