(မှုခင်း)ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ထုံးဘိုမြို့နယ် ထုံးဘို – အကောက်တောင် သွားရာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ် တိမ်းမှောက်ရာ ၁ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရသည်။
ဧပြီ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ထုံးဘိုအုပ်စု၊ တဲကြီးကုန်း ကျေးရွာအနီးရှိ ချောင်းကူးတံတားထိပ်တွင် ဦးလှဇော်ဦး မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်သည် အဆင်းတွင် အရှိန်လွန်တိမ်းမှောက်ခဲ့ကြောင်း၊သုံးဘီးယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်နောက်တွင် လိုက်ပါလာသည့် ကံဦးရွာမှ အမျိုးသား ၁ဦးသေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ အသက် ၃၅ နှစ်အရွယ် ရန်မျိုးအောင်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၂ဦးအား ထုံးဘို တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားရှိပြီး ဒဏ်ရာပြင်းထန်သူများအား ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံသို့ လွှဲပြောင်း ဆေးကုသမှု ခံယူနေရကြောင်း၊ ယာဥ်မောင်းဖြစ်သူ ဦးလှဇော်ဦးအား ထုံးဘို နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားရှိပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN