တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်‌များအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ၌ အမည်စာရင်း တင်သွင်း

(ပြည်တွင်း) ဧပြီ ၆

ယနေ့ ဧပြီလ ၆ ရက်နံနက် ၁၀နါရီအချိန်တွင် တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ ပထမပုံမှန်အစည်းအဝေးများ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်‌များ၏ အမည်စာရင်း တင်သွင်းကြောင်း သိရသည်။

ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ရွေးချယ်ပေးပို့လာသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးအေးကျော်၊ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမျိုးဆွေဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမျိုးအောင်၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဦးတင်ကိုကို၊ တနင်္သါရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦး ဇော်နိုင်ဦး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် ဦးကိုလေးတို့အား အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်များ၏ အမည်စာရင်းတင်သွင်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးခက်ထိန်နန်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးစိုင်းထိန်စိုး၊ကရင် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ရခိုင်ဝန်ကြီးချုပ်ဦးနိုင်ဦး၊ကယားဝန်ကြီးချုပ် ဦးအံ့မော်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးနေလင်းအောင်တို့အား အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

#PAN