မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်

(ပြည်တွင်း) ဧပြီ ၂

မြဝတီ-ကော့ကရိတ် အာရှလမ်း၌ ၂နှစ်ကြာ ပိတ်ထားခံရပြီး ယနေ့ ဧပြီ ၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ယနေ့ ၁၁ နာရီအချိန်ထိ ခရီးသယ်ကား ဆိုင်ကယ်များအစီးရေ ငါးရာခန့်အထိ သွားလာနေကြောင်း သိရပြီး မြဝတီမှ ကော့ကရိတ်ထိ သွားလာခဲ့သည့် ယာဉ်မောင်းများပြောကြားချက်အရ အဆင်ပြေပြေသွား၍ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး တပ်မတော်နဲ့ KNU တို့ရဲ့ နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။