
(နိုင်ငံတကာ) ဧပြီ ၁
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး၊ အီရန်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်းများကိုပါ ဒုံးကျည်အလုံးအရင်းဖြင့် စတင်တိုက်ခိုက်လာခြင်းကြောင့် ဒေသတွင်းစစ်ပွဲအသွင်သို့ ကူးစက်ပျံ့နှံ့နေပြီဖြစ် သည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့အနေဖြင့် အကြီးစားဒုံးကျည်နှင့် တိုက်ခိုက်ရေးဒရုန်း အစင်းရေ ၁၀၀ ကျော်အပြင်၊ ရော့ကတ်အလက်ပေါင်း ၂၀၀ ခန့်ကို အသုံးပြု၍ နောက်ဆုံးလှိုင်းတိုက် ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် အစ္စရေးနိုင်ငံအတွင်းရှိ ဗျူဟာမြောက်နေရာများအပြင် ကာတာနိုင်ငံ ရေပိုင်နက်အတွင်းရှိ ရေနံတင်သင်္ဘောတစ်စီးကို အီရန်ခရုစ်ဒုံးကျည် ထိမှန်ခဲ့သည်။ ကူဝိတ်နိုင်ငံ အပြည်ပြည်ဆိုင် ရာလေဆိပ်ရှိ လောင်စာဆီသိုလှောင်ကန်များလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ အကြီးအကျယ် မီးလောင်ကျွမ်းခဲ့သည်။ ထို့အပြင် အယ်လ်အဒီရီ (al-Adiri) အခြေစိုက်စခန်းရှိ အမေရိကန်ရဟတ်ယာဉ်တစ်စင်း ပျက်စီးခဲ့သည်ဟု အီရန်က ဆိုသည်။ ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေတပ်စခန်း အခြေစိုက်ရာဒေသရှိ စစ်ဘက်ဆိုင်ရာနေရာများလည်း ပစ်မှတ်ထားခံခဲ့ရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ပွဲကို အဆုံးသတ်ရန်အတွက် အီရန်နှင့် သဘောတူညီချက် (Deal) ရယူရန် မလိုအပ်တော့ကြောင်းနှင့် အမေရိကန်၏ စစ်ရေးဖိအားများကြောင့် နောက်ထပ် “၂ ပတ်မှ ၃ ပတ်အတွင်း” စစ်ပွဲပြီးဆုံးကာ အမေရိကန်တပ်များ ဒေသတွင်းမှ ထွက်ခွာနိုင်လိမ့်မည်ဟု ခန့်မှန်းပြောကြားခဲ့သည်။

အမေရိကန်ဘက်က စစ်ပွဲပြီးဆုံးတော့မည်ဟု ဆိုနေသော်လည်း အီရန်ဘက်ကမူ ဆွေးနွေးပွဲများကို ငြင်းဆိုထားဆဲဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာစ် အာရက်ဂ်ချီက ဝါရှင်တန်ထံမှ သတင်းစကားများ ရရှိနေသော်လည်း အမေရိကန်၏ ရိုးသားမှုကို ယုံကြည်မှုမရှိသဖြင့် မည်သည့်တရားဝင်ဆွေးနွေးပွဲမျှ ပြုလုပ်နေခြင်းမရှိကြောင်းနှင့် တိုက်ခိုက်မှုများကို “အင်အားအပြည့်၊ အရှိန်အဟုန်အပြည့်” ဖြင့် ဆက် လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် IRIB ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်သည့် IRGC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#IranWarLive #IRGCStrike #TrumpWarTimeline #QatarOilTanker #KuwaitAirport #MiddleEastConflict #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN